ရှမ်းပြည်နယ်တွင်းဝင်မည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ အောက်တိုဘာလ (၅)ရက်နေ့က စ၍ COVID 19 ကင်းရှင်းကြောင်း ထောက်ခံချက်ပါမှ ဝင်ခွင့်ရမည်

ရှမ်းပြည်နယ်တွင်းဝင်မည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ အောက်တိုဘာလ (၅)ရက်နေ့က စ၍ COVID 19 ကင်းရှင်းကြောင်း ထောက်ခံချက်ပါမှ ဝင်ခွင့်ရမည်
အောက်တိုဘာ 5, 2020
By Tachileik News Agency
ရှမ်းပြည်နယ်တွင်းဝင်မည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ အောက်တိုဘာလ (၅)ရက်နေ့က စ၍ COVID 19 ကင်းရှင်းကြောင်း ထောက်ခံချက်ပါမှ ဝင်ခွင့်ရမည်
ရှမ်းပြည်နယ်အတွင်းသို့ ဝင်ရောက်မည့် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့မှစ၍ ရှမ်းပြည်နယ်တွင်း COVID 19 စစ်ဆေးပေးတော့မည်မဟုတ်ဘဲ COVID 19 ကင်းရှင်းကြောင်း ထောက်ခံချက်ပါမှသာ ဝင်ခွင့်ပြုတော့မည်ဖြစ်ကြောင်း သိရသည်။
“မနက်ဖြန်ကစပြီး တိုင်း/ပြည်နယ်အသီးသီးမှ ရှမ်းပြည်အတွင်းသို့ ဝင်ရောက်လာမည့် ကုန်တင်ကားများကို စစ်ဆေးပေးတော့မည်မဟုတ်ပါ။ သက်ဆိုင်ရာ တိုင်း/ပြည်နယ်တို့၏ ဆေးစစ်ချက် Negative ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထောက်ခံချက်ပါရှိမှသာ ဝင်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနများသို့အကြောင်းကြားထားပြီးဖြစ်ပါတယ်။”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် အောက်တိုဘာလ (၄) ရက်နေ့က သတင်းထုတ်ပြန်ပေးထားသည်။
ရှမ်းပြည်နယ်တွင်း ပိတ်မိနေသည့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကုန်တင်ယာဉ်များမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ အားလုံးကို အောက်တိုဘာလ (၂) ရက်နေ့မှစ၍ COVID 19 Rapid Test Kit များဖြင့် အခမဲ့စစ်ဆေးပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ စစ်ဆေးပေးခဲ့ရာ၌ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပိတ်မိနေသည့် ကုန်တင်ယာဉ် အစီးရေ (၁၀၀၀)ဝန်းကျင်မှ COVID 19 ပိုးတွေ့ရသူ (၆)ဦးတွေ့ရသဖြင့် ကလောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်း COVID 19 ထိန်းချုပ်ရေးအတွက် အောက်တိုဘာလ (၁) ရက်နေ့မှ (၁၄)ရက်နေ့အထိကာလအတွင်း ပြည်နယ်ပြင်ပမှ ဝင်ရောက်မည့် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များတွင် နှစ်ပတ်အတွင်း စစ်ဆေးထားသည့် COVID 19 ကင်းရှင်းကြောင်း ကျန်းမာရေးထောက်ခံချက်ပါမှသာ ဝင်ခွင့်ပြုတော့မည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~