တာချီလိတ်မြို့ မြေကွက်သစ်အပိုင်း ‘ဈ’ နှင့်ပတ်သက်ပြီး တရားစွဲဆိုခံရသူ (၃၄) ဦးအနက် (၁၁) ဦးသာ လာရောက်

တာချီလိတ်မြို့ မြေကွက်သစ်အပိုင်း ‘ဈ’ နှင့်ပတ်သက်ပြီး တရားစွဲဆိုခံရသူ (၃၄) ဦးအနက် (၁၁) ဦးသာ လာရောက်
နိုဝင်ဘာ 18, 2020
By Tachileik News Agency
တာချီလိတ်မြို့ မြေကွက်သစ်အပိုင်း ‘ဈ’ နှင့်ပတ်သက်ပြီး တရားစွဲဆိုခံရသူ (၃၄) ဦးအနက် (၁၁) ဦးသာ လာရောက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့အတွင်းရှိ မြေကွက်သစ်အပိုင်း ‘ဈ’ နှင့်ပတ်သက်ပြီး ကျူးကျော် နေထိုင်သူဆိုသူ (၃၄) ဦးကို ၂၀၂၀ ခုနှစ် နိုဝင်ဘာ နိုဝင်ဘာ (၁၇) ရက်နေ့တွင် တရားရုံးသို့ဆင့်ခေါ်ခဲ့သော်လည်း (၁၁) ဦးသာ လာရောက်ခဲ့ကြောင်း သိရသည်။
“နိုင်ငံတော်ရဲ့ မြေလွတ်၊ မြေရိုင်းဧရိယာထဲမှာ မြေငှားဂရမ်၊ လိုင်စင်မရှိပဲ ဝင်ရောက်နေထိုင်တဲ့အတွက် သက်ဆိုင်ရာက ဖယ်ရှားပေးဖို့ နိုတစ်စာပေးပို့ရာမှာ မလိုက်နာတဲ့အတွက် တရားစွဲဆိုတာဖြစ်ပါတယ်။ အထက်မြန်မာပြည်မြေနှင့် အခွန်စည်းမျဉ်းနည်းဥဒေပုဒ်မ ၆၉(၂) အရစွဲဆိုတာဖြစ်ပါတယ်”ဟု တာချီလိတ်မြို့နယ်တရားသူကြီး ဦးဌေးမင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့ကွက်သစ် အပိုင်း ‘ဈ’ ကို ၂၀၁၀ ခုနှစ် သြဂုတ်လ (၂၈) ရက်နေ့က ချထားပေးခဲ့ပြီး ၎င်းမြေအတွင်း ကျူးကျော်နေထိုင်သူဆိုသူ (၃၄) ဦးကို တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာန ပါဝင်သည့် ပူးပေါင်းအဖွဲ့က ယင်းနေရာမှ ထွက်ခွါပေးရန်အတွက် အကြောင်းကြားစာ (၃) ကြိမ်ပေးပို့ထားသော်လည်း လိုက်နာမှုမရှိသည့်အတွက် တရားရုံးမှ သမ္မာန်စာပေးပို့ခဲ့ခြင်းဖြစ်သည်။
လက်ရှိ မြေကွက်သစ်အပိုင်း ‘ဈ’ အတွင်း ကျူးကျော်နေထိုင်သူဆိုသူ (၃၄) ဦးကို တရားရုံးဆင့်ခေါ်စာပေးပို့ထားသော်လည်း ကျန် (၂၃) ဦးမှာ အမည်လွှဲမှားနေခြင်းများရှိနေသည့်အတွက် ဒုတိယအကြိမ်ဆင့်ခေါ်မှုများဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး လက်ရှိတွင် တရားစွဲဆိုခံထားရသူ (၁၁) ဦးမှာ အပြစ်မရှိကြောင်းငြင်းဆိုမှုများရှိနေသဖြင့် တရားလိုများကို စစ်ဆေးသွားမည်ဖြစ်ပြီး ပြစ်မှုကျူးလွန်ကြောင်းထင်ရှားပါက ထောင်ဒဏ် (၁) လ (သို့မဟုတ်) ဒဏ်ငွေ (၂၀၀) ကျပ်ကို ပြစ်ဒဏ်အဖြစ်ချမှတ်နိုင်ကြောင်း သိရသည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - ဟန်စိုးထိုက်
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~