သီပေါမြို့နယ်အတွင်းရှိ တောင်ယာတဲတွင် အသက်(၁၂)အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ

သီပေါမြို့နယ်အတွင်းရှိ တောင်ယာတဲတွင် အသက်(၁၂)အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ
အောက်တိုဘာ 5, 2020
By Tachileik News Agency
သီပေါမြို့နယ်အတွင်းရှိ တောင်ယာတဲတွင် အသက်(၁၂)အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပန်စောက်မိန်းကျေးရွာအနီး တောင်ယာလုပ်ကိုင်နေသည့် အသက် (၁၂)နှစ်အရွယ် မိန်းကလေးအား  အဓမ္မပြုကျင့်မှုဖြင့်  အသက် (၃၀)အရွယ်အမျိုးသားတစ်ဦးကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၄)ရက်နေ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။ 
အသက် (၃၀) ဝန်းကျင် စိုင်းလှဝင်းဆိုသူက ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၃)ရက် ညသန်းခေါင်ယံ အချိန်တွင် ပန်စောက်မိန်းကျေးရွာအနီး တောင်ယာတဲ၌ နေထိုင်သည့် မိသားစုထဲက အသက် (၁၂)နှစ်အရွယ် မိန်းကလေး၏ အိပ်ခန်းသို့ ဝင်သည်ကို တွေ့ရသဖြင့် အဆိုပါမိသားစုက သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သက်ဆိုင်ရာ ရပ်ကျေးအဖွဲ့များက ခေါ်ယူစစ်ဆေးရာ အသက်မပြည့်သေးသည့် မိန်းကလေးအား အဓမ္မပြုကျင့်ကြောင်း ပြောကြားခဲ့သဖြင့် ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အသက်မပြည့်သေးသည့်မိန်းကလေးအား အဓမ္မပြုကျင့်သည်ဆိုသည့် စိုင်းလှဝင်းအား သီပေါမြို့မရဲစခန်းတွင် (ပ) ၁၁၁/ ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆၊ အမှုကြီးအမှတ်စဉ်(၁၄/ ၂၀၂၀)ဖြင့် အောက်တိုဘာလ (၄)ရက်နေ့ ညနေပိုင်းက အမှုဖွင့်အရေးယူကာ စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့် 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~