နိုင်ငံအတွင်း အမိန့်နှင့်ညွှန်ကြားချက်များ၊ ပန်ကြားချက်များအားလုံး နိုဝင်ဘာလ(၃၀)ရက်နေ့အထိ ထပ်တိုး

နိုင်ငံအတွင်း အမိန့်နှင့်ညွှန်ကြားချက်များ၊ ပန်ကြားချက်များအားလုံး နိုဝင်ဘာလ(၃၀)ရက်နေ့အထိ ထပ်တိုး
အောက်တိုဘာ 28, 2020
By Tachileik News Agency
နိုင်ငံအတွင်း အမိန့်နှင့်ညွှန်ကြားချက်များ၊ ပန်ကြားချက်များအားလုံး နိုဝင်ဘာလ(၃၀)ရက်နေ့အထိ ထပ်တိုး

မြန်မာနိုင်ငံအတွင်း Covid-19 ရောဂါပိုး ကူးစက်ပျံ့နှံ့မှုများကို ဆက်လက်ထိန်းချုပ်နိုင်ရန်အတွက် ထုတ်ပြန်ထားသော ပန်ကြားချက်များ၊ အမိန့်များ နှင့် ညွှန်ကြားချက်များအားလုံး ၂၀၂၀ခုနှစ် နိုဝင်ဘာလ(၃၀)ရက်နေ့အထိ ရက်ထပ်တိုးမြှင့်လိုက်ကြောင်း အောက်တိုဘာလ(၂၈)ရက်နေ့တွင် အသိပေးကြေညာထားရှိသည်။

ရက်ထပ်တိုးမြှင့်ထားသည့် ထုတ်ပြန်ချက်နှင့် အမိန့်များအားလုံး၏ ဖြေလျော့မှုများထဲတွင် အစိုးရ၊ ဌာနဆိုင်ရာများက COVID 19 ကာကွယ်ရေးအတွက် ကျန်းမာရေး ထုတ်ပြန်ချက်နှင့်အညီ ကျင်းပသည့် ပွဲ၊အခမ်းအနားများမှအပ မည်သည့် ပွဲလမ်းသဘင်၊ အခမ်းအနားကိုမှ ကျင်းပခွင့်မပြုခြင်း နှင့်  အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများ ဈေးကစား ရောင်းချခွင့် မပြုခြင်းတို့လည်း ဆက်လည်း သတ်မှတ်ထားသည်။

ယင်းအပြင် ညဈေးများ၊ KTV ၊ Bar ၊ Club များ၊ ဘိလိယက်ခုံများကိုလည်း ပြန်လည်ဖွင့်ခွင့်မပြုသေးသည့်အပြင်  ပြည်တွင်း ပြည်ပလေကြောင်းလိုင်းများ ပျံသန်းမှုရပ်နားခြင်းကိုလည်း ဆက် တိုးမြှင့်ထားခြင်း ဖြစ်သည်။

Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~