တာချီလိတ်မှ ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာ (၃)ဦးတွင် ပိုးမတွေ့၊ ဓါတ်ခွဲအဖြေ စောင့်ဆိုင်းသူ (၁)ဦးသာ ကျန်ရှိ

တာချီလိတ်မှ ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာ (၃)ဦးတွင် ပိုးမတွေ့၊ ဓါတ်ခွဲအဖြေ စောင့်ဆိုင်းသူ (၁)ဦးသာ ကျန်ရှိ
မတ် 28, 2020
By Tachileik News Agency
တာချီလိတ်မှ ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာ (၃)ဦးတွင် ပိုးမတွေ့၊ ဓါတ်ခွဲအဖြေ စောင့်ဆိုင်းသူ (၁)ဦးသာ ကျန်ရှိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့မှ ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာ (၃)ဦးတွင် ဓါတ်ခွဲအဖြေအရ ပိုးမတွေ့ရကြောင်း နှင့် ဓါတ်ခွဲအဖြေစောင့်ဆိုင်းသူ အမျိုးသမီး(၁)ဦးသာ ကျန်ရှိကြောင်း တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံမှ သိရသည်။

(၃)ယောက်လုံး negativeပဲဗျ၊ (၃)ယောက်စလုံး ပိုးမတွေ့ဘူး

ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့  မတ်လ(၂၈)ရက်နေ့တွင်ပြောသည်။

တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီး၌ ဓါတ်ခွဲအဖြေစောင့်နေသည့် စောင့်ကြည့်လူနာ (၃)ဦးဖြစ်သည် မယ်ခေါင်ရပ်ကွက်မှ အမျိုးသမီးလူနာ (၁)ဦး၊ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား(၁)တွင် တာဝန်ကျ ကျန်းမာရေးဝန်ထမ်း အမျိုးသမီး (၁)ဦးနှင့် ထိုင်းနိုင်ငံဘက်မှ ထိန်းသိမ်းခံရပြီး ပြန်လည်ပို့ဆောင်ခံရသည့် အမျိုးသားလူနာ (၁)ဦးတို့ ဖြစ်သည်။

တာချီလိတ်မြို့တွင် မတ်လ (၂၇)ရက်နေ့အထိ စောင့်ကြည့်လူနာစုစုပေါင်း (၁၉)ဦးရှိခဲ့သည့်အနက် ဓါတ်ခွဲအဖြေရပြီးသူ (၁၈)ဦးရှိပြီဖြစ်၍ ဓါတ်ခွဲပို့စစ်ရမည့်သူ (၁)ဦးရှိနေခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်နိုင်ရေးအတွက် ဒေသတွင်း လူစုလူဝေးအခမ်းအနားပြုလုပ်ခြင်းအား တားမြစ်ခြင်း၊ အများပြည်သူနှင့်ဆိုင်သည့် နေရာများ၌ ပိုးသတ်ဆေးဖြန်းခြင်း၊ လူသွားလူလာများသည့်နေရာများ၌ လက်ဆေးကန်များ ထားပေးခြင်း၊ နိုင်ငံရပ်ခြားမှ ပြန်လာသူများ နေအိမ်တွင် (၁၄)ရက်သီးခြားနေထိုင်ပြီး ကျန်းမာရေးအခြေအနေထူးခြားပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်ရန်နှင့် လူထုအနေဖြင့် ရောဂါကာကွယ်ရေးကာလအတွင်း အရေးပေါ်ဆက်သွယ်ရမည့် ဒေသတွင်းမှ တာဝန်ရှိသူများ၏ ဖုန်းနံပါတ်များ ဖြန့်ဝေခြင်းများကို လုပ်ဆောင်ထားခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~