မူဆယ္ဘက္သို႔ ခရီးသည္တင္ယာဥ္ျဖင့္ သယ္လာသည့္ ေက်ာက္စိမ္းမ်ားကို ေရပူတြင္ ဖမ္းမိ

မူဆယ္ဘက္သို႔ ခရီးသည္တင္ယာဥ္ျဖင့္ သယ္လာသည့္ ေက်ာက္စိမ္းမ်ားကို ေရပူတြင္ ဖမ္းမိ
ဒီဇင်ဘာ 10, 2018
By Tachileik News Agency

ျမန္မာ - တရုတ္နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းရိွ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သိန္းနီၿမိဳ႕ ေရပူအၿမဲတမ္းစစ္ေဆးေရး စခန္းတြင္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလအတြင္း တတိယေျမာက္ ဖမ္းဆီးရမိမႈ အျဖစ္ မူဆယ္ဘက္သို႔ ခရီးသည္တင္ယာဥ္ျဖင့္ သယ္ေဆာင္လာသည့္ ေက်ာက္စိမ္းျဖတ္စမ်ားကို ဒီဇင္ဘာလ (၁၀)ရက္ေန႔က ဖမ္းဆီးရမိေၾကာင္း သိရသည္။

ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းတြင္ ပူးေပါင္းအဖြဲ႕က နံနက္(၁)နာရီအခ်ိန္တြင္ မူဆယ္ဘက္သို႔ အတက္ယာဥ္မ်ားအား စစ္ေဆးရာ ခရီးသည္တင္ယာဥ္လုိင္းတစ္ခုမွ Express ယာဥ္တစ္စီး၏ ခရီးသည္ပစၥည္းတင္ေဆာင္ရာေနရာတြင္ အံဝွက္ျပဳလုပ္၍ သယ္လာသည့္ ေက်ာက္စိမ္းျဖတ္စမ်ားကို ဖမ္းမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူဆယ္ဘက္သို႔ တရားမဝင္ သယ္ေဆာင္လာသည့္ သစ္မ်ားကို ဒီဇင္ဘာလ (၃)ရက္ေန႔ကလည္းေကာင္း၊ ေက်ာက္စိမ္းျဖတ္စမ်ားႏွင့္ သစ္မ်ားကို ဒီဇင္ဘာလ (၈)ရက္ေန႔ကလည္းေကာင္း အသီးသီး ဖမ္းဆီးရမိထားျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာ - တရုတ္နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းျဖစ္သည့္ ျပည္ေထာင္စုလမ္းမႀကီးတေလွ်ာက္တြင္ ပံုမွန္စစ္ေဆးေရးစခန္းမ်ားရိွေနၿပီး သိန္းနီၿမိဳ႕နယ္အတြင္း ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္း၌လည္း သက္ဆုိင္ရာ ဌာနေပါင္းစံုပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ ျဖတ္သန္းသြားလာသည့္ေမာ္ေတာ္ယာဥ္မ်ားအား စစ္ေဆးမႈမ်ားလုပ္ေဆာင္ရာ တရုတ္နုိင္ငံသို႔ တရားမဝင္ တင္ပို႔မည့္ပစၥည္းမ်ား၊ တရုတ္ႏုိင္ငံမွ တရားမဝင္ တင္သြင္းလာသည့္ ကုန္ပစၥည္းမ်ားကို ဖမ္းဆီးရမိေလ့ရိွေနျခင္း ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု- အေကာက္ခြန္ဦးစီးဌာန


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းရှိ ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့ ရေပူအမြဲတမ်းစစ်ဆေးရေး စခန်းတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်း တတိယမြောက် ဖမ်းဆီးရမိမှု အဖြစ် မူဆယ်ဘက်သို့ ခရီးသည်တင်ယာဉ်ဖြင့် သယ်ဆောင်လာသည့် ကျောက်စိမ်းဖြတ်စများကို ဒီဇင်ဘာလ (၁၀)ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။

ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် ပူးပေါင်းအဖွဲ့က နံနက်(၁)နာရီအချိန်တွင် မူဆယ်ဘက်သို့ အတက်ယာဉ်များအား စစ်ဆေးရာ ခရီးသည်တင်ယာဉ်လိုင်းတစ်ခုမှ Express ယာဉ်တစ်စီး၏ ခရီးသည်ပစ္စည်းတင်ဆောင်ရာနေရာတွင် အံဝှက်ပြုလုပ်၍ သယ်လာသည့် ကျောက်စိမ်းဖြတ်စများကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

မူဆယ်ဘက်သို့ တရားမဝင် သယ်ဆောင်လာသည့် သစ်များကို ဒီဇင်ဘာလ (၃)ရက်နေ့ကလည်းကောင်း၊ ကျောက်စိမ်းဖြတ်စများနှင့် သစ်များကို ဒီဇင်ဘာလ (၈)ရက်နေ့ကလည်းကောင်း အသီးသီး ဖမ်းဆီးရမိထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ပြည်ထောင်စုလမ်းမကြီးတလျှောက်တွင် ပုံမှန်စစ်ဆေးရေးစခန်းများရှိနပြေီး သိန်းနီမြို့နယ်အတွင်း ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌လည်း သက်ဆိုင်ရာ ဌာနပေါင်းစုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဖြတ်သန်းသွားလာသည့်မော်တော်ယာဉ်များအား စစ်ဆေးမှုများလုပ်ဆောင်ရာ တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့မည့်ပစ္စည်းများ၊ တရုတ်နိုင်ငံမှ တရားမဝင် တင်သွင်းလာသည့် ကုန်ပစ္စည်းများကို ဖမ်းဆီးရမိလေ့ရှိနခြေင်း ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ- အကောက်ခွန်ဦးစီးဌာန

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~