မုိင္းဆတ္ၿမိဳ႕မွ ေဒသခံမ်ားကို သစ္ေတာထိန္းသိမ္းျခင္းလုပ္ငန္း သင္ၾကား

မုိင္းဆတ္ၿမိဳ႕မွ ေဒသခံမ်ားကို သစ္ေတာထိန္းသိမ္းျခင္းလုပ္ငန္း သင္ၾကား
ဇူလိုင် 22, 2019
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းဆတ္ၿမိဳ႕မွ ေဒသခံ (၂၃)ဦးကို သစ္ေတာဦးစီးဌာနက သစ္ေတာျပဳစုထိန္းသိမ္းျခင္း (၅)ရက္ၾကာသင္တန္းကို ၂၀၁၉ ခုႏွစ္၊ ဇူလုိင္လ (၂၂)ရက္ေန႔က စတင္ဖြင့္လွစ္ သင္ၾကားေပးေနေၾကာင္း သိရသည္။

အဆိုပါသင္တန္းတြင္ ဒိုခ်က္ကင္ ေျမၾသဇာျပဳလုပ္ျခင္း၊ စိုက္ခင္းတည္ေထာင္ျခင္း၊ ေပါင္းရွင္းမီးကာကြယ္ျခင္း၊ ပ်ဳိးဥယ်ာဥ္တည္ေထာင္ျခင္း၊ သစ္ ေတာျပဳစုထိန္းသိမ္းျခင္း၊ စိုက္ခင္းမွတ္တမ္းေရးသြင္းျခင္း၊ သစ္ပင္မ်ားခံႏိုင္ရည္ ျပည္႔ဝေစရန္ စီမံျခင္း၊ ပိုးမႊားကာ ကြယ္ျခင္း၊ အပင္မ်ားမွတ္ပုံတင္ျခင္း၊ ေျမဆီလႊာခဲြျခားျခင္း၊ အပင္မ်ဳိးပြားျခင္းနည္း စနစ္၊ ေဒသခံျပည္သူအစုအဖဲြ႔ပိုင္ သစ္ေတာတည္ေထာင္ျခင္းႏွင့္ သစ္ေစ့ထုတ္ဧရိယာတည္ေထာင္ျခင္း စသည့္ ဘာသာရပ္မ်ားကို သင္ၾကားေပးမည္ ျဖစ္ေၾကာင္း သိရသည္။

သစ္ေတာျပဳန္းတီးမႈမ်ားေၾကာင့္ ရာသီဥတုေျပာင္းလဲျခင္းႏွင့္ သဘာဝေဘးအႏၱရာယ္က်ေရာက္ျခင္းမ်ားေၾကာင့္ ေဒသခံမ်ားအေနျဖင့္ သစ္ေတာထိန္းသိမ္းေရးလုပ္ေဆာင္ႏုိင္ရန္ သင္တန္းေပးျခင္းျဖစ္ေၾကာင္း ခ႐ုိင္သစ္ေတာဦးစီးမွဴး ဦးထန္ရွင္းမုန္ထံမွ သိရသည္။

အဆိုပါသင္တန္းမွာ သစ္ေတာထိန္းသိမ္းျခင္းလုပ္ငန္းမ်ားကို ေဒသခံမ်ားအားသင္ၾကားေပးသည့္ ပထမဆံုးသင္တန္းျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #သန္းေဇာ္(မိုင္းဆတ္)

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မိုင်းဆတ်မြို့မှ ဒေသခံများကို သစ်တောထိန်းသိမ်းခြင်းလုပ်ငန်း သင်ကြား
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့မှ ဒေသခံ (၂၃)ဦးကို သစ်တောဦးစီးဌာနက သစ်တောပြုစုထိန်းသိမ်းခြင်း (၅)ရက်ကြာသင်တန်းကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၂)ရက်နေ့က စတင်ဖွင့်လှစ် သင်ကြားပေးနေကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ဒိုချက်ကင် မြေသြဇာပြုလုပ်ခြင်း၊ စိုက်ခင်းတည်ထောင်ခြင်း၊ ပေါင်းရှင်းမီးကာကွယ်ခြင်း၊ ပျိုးဥယျာဉ်တည်ထောင်ခြင်း၊ သစ် တောပြုစုထိန်းသိမ်းခြင်း၊ စိုက်ခင်းမှတ်တမ်းရေးသွင်းခြင်း၊ သစ်ပင်များခံနိုင်ရည် ပြည့်ဝစေရန် စီမံခြင်း၊ ပိုးမွှားကာ ကွယ်ခြင်း၊ အပင်များမှတ်ပုံတင်ခြင်း၊ မြေဆီလွှာခွဲခြားခြင်း၊ အပင်မျိုးပွားခြင်းနည်း စနစ်၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်းနှင့် သစ်စေ့ထုတ်ဧရိယာတည်ထောင်ခြင်း စသည့် ဘာသာရပ်များကို သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

သစ်တောပြုန်းတီးမှုများကြောင့် ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝဘေးအန္တရာယ်ကျရောက်ခြင်းများကြောင့် ဒေသခံများအနေဖြင့် သစ်တောထိန်းသိမ်းရေးလုပ်ဆောင်နိုင်ရန် သင်တန်းပေးခြင်းဖြစ်ကြောင်း ခရိုင်သစ်တောဦးစီးမှူး ဦးထန်ရှင်းမုန်ထံမှ သိရသည်။

အဆိုပါသင်တန်းမှာ သစ်တောထိန်းသိမ်းခြင်းလုပ်ငန်းများကို ဒေသခံများအားသင်ကြားပေးသည့် ပထမဆုံးသင်တန်းဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #သန်းဇော်(မိုင်းဆတ်)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net