တာခ်ီလိတ္ႏွင့္ မုိင္းဆတ္ၿမိဳ႕မ်ားတြင္ ရပ္ေက်းအဆင့္ အုပ္ခ်ဳပ္ေရးမွဴးမ်ားနွင့္ ဝန္ထမ္းမ်ားကို ဆက္စပ္ ဥပေဒ၊ နည္းဥပေဒမ်ား သင္တန္းပို႔ခ်ေပးေန

တာခ်ီလိတ္ႏွင့္ မုိင္းဆတ္ၿမိဳ႕မ်ားတြင္ ရပ္ေက်းအဆင့္ အုပ္ခ်ဳပ္ေရးမွဴးမ်ားနွင့္ ဝန္ထမ္းမ်ားကို ဆက္စပ္ ဥပေဒ၊ နည္းဥပေဒမ်ား သင္တန္းပို႔ခ်ေပးေန
စက်တင်ဘာ 2, 2019
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ႏွင့္ မိုင္းဆတ္ၿမိဳ႕မ်ားတြင္ ရပ္ကြက္၊ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးမ်ား၊ ေက်းရြာတာဝန္ခံမ်ားႏွင့္ စာေရးဝန္ထမ္းမ်ား လုပ္ငန္းစြမ္းေဆာင္ရည္ ျမင့္မားေရး (၅)ရက္တာသင္တန္းကို ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂) ရက္ေန႔မွစ၍ ဖြင့္လွစ္ပို႔ခ်ေပးေနသည္။

"အုပ္ခ်ဳပ္ေရးမွဴးေတြနဲ႔ ရပ္ေက်းစာေရး မြမ္းမံသင္တန္းေတြ ဖြင့္ေပးတာက ျပည္သူကို ဝန္ေဆာင္မႈ ေပးတဲ့အခါမွာ ျမန္ဆန္ေခ်ာေမြ႕ဖို႔၊ ဥပေဒ၊ နည္းဥပေဒကို သေဘာေပါက္နားလည္ၿပီး လိုက္နာက်င့္သံုးႏိုင္ဖို႔၊ ဥပေဒေတြ သိရိွၿပီးေတာ့ ျပည္သူေတြကို ျမန္ျမန္ဆန္ဆန္ဝန္ေဆာင္မႈေပးႏိုင္ဖို႔ေပါ့"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

 အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနကို ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၂၈)ရက္ေန႔တြင္ ျပည္ထဲေရးဝန္ႀကီးဌာန ေအာက္မွေန၍ ျပည္ေထာင္စုအစိုးရအဖဲြ႔ဝန္ႀကီးဌာနေအာက္သို႔ ေျပာင္းလဲဖဲြ႔စည္းလိုက္သည့္အတြက္ ဌာန၏ ရည္မွန္းခ်က္၊ ရည္ရြယ္ခ်က္မ်ား ေျပာင္းလဲလုပ္ေဆာင္လာျခင္းျဖစ္သည့္အတြက္ ေခတ္စနစ္ႏွင့္ ကိုက္ညီသည့္ အုပ္ခ်ဳပ္ေရးမွဴးမ်ား ျဖစ္လာေစေရးအတြက္ လက္ရိွဌာနအသီးသီးက က်င့္သံုးေနသည့္ ဥပေဒ၊ နည္းဥပေဒမ်ားကို သိရိွေစေရးအတြက္ သင္တန္းပို႔ခ်ေပးျခင္းျဖစ္ေၾကာင္း  မိုင္းဆတ္ၿမိဳ႕ ေခတၱခ႐ိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းထြန္းဝင္းထံမွ သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္တြင္ ဖြင့္လွစ္ေနသည့္ သင္တန္းတြင္ ရပ္ကြက္/ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးမ်ားႏွင့္ စာေရးဝန္ထမ္း စုစုေပါင္း (၆၂) ဦးတက္ေရာက္ေနၿပီး မုိင္းဆတ္ၿမိဳ႕တြင္ ဖြင့္လွစ္ေနသည့္ သင္တန္းတြင္ ရပ္ကြက္ႏွင့္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးမ်ားႏွင့္ စာေရးဝန္ထမ္း (၇၀) ဦး တက္ေရာက္ေနျခင္းျဖစ္သည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်နှင့် မိုင်းဆတ်မြို့များတွင် ရပ်ကျေးအဆင့် အုပ်ချုပ်ရေးမှူးများနှင့် ဝန်ထမ်းများကို ဆက်စပ် ဥပဒေ၊ နည်းဥပဒေများ သင်တန်းပို့ချပေးနေ
***********
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်နှင့် မိုင်းဆတ်မြို့များတွင် ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး (၅)ရက်တာသင်တန်းကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့မှစ၍ ဖွင့်လှစ်ပို့ချပေးနေသည်။

"အုပ်ချုပ်ရေးမှူးတွေနဲ့ ရပ်ကျေးစာရေး မွမ်းမံသင်တန်းတွေ ဖွင့်ပေးတာက ပြည်သူကို ဝန်ဆောင်မှု ပေးတဲ့အခါမှာ မြန်ဆန်ချောမွေ့ဖို့၊ ဥပဒေ၊ နည်းဥပဒေကို သဘောပေါက်နားလည်ပြီး လိုက်နာကျင့်သုံးနိုင်ဖို့၊ ဥပဒေတွေ သိရှိပြီးတော့ ပြည်သူတွေကို မြန်မြန်ဆန်ဆန်ဝန်ဆောင်မှုပေးနိုင်ဖို့ပေါ့"ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

 အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန အောက်မှနေ၍ ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးဌာနအောက်သို့ ပြောင်းလဲဖွဲ့စည်းလိုက်သည့်အတွက် ဌာန၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ ပြောင်းလဲလုပ်ဆောင်လာခြင်းဖြစ်သည့်အတွက် ခေတ်စနစ်နှင့် ကိုက်ညီသည့် အုပ်ချုပ်ရေးမှူးများ ဖြစ်လာစေရေးအတွက် လက်ရှိဌာနအသီးသီးက ကျင့်သုံးနေသည့် ဥပဒေ၊ နည်းဥပဒေများကို သိရှိစေရေးအတွက် သင်တန်းပို့ချပေးခြင်းဖြစ်ကြောင်း  မိုင်းဆတ်မြို့ ခေတ္တခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းထံမှ သိရသည်။

တာချီလိတ်မြို့နယ်တွင် ဖွင့်လှစ်နေသည့် သင်တန်းတွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်း စုစုပေါင်း (၆၂) ဦးတက်ရောက်နေပြီး မိုင်းဆတ်မြို့တွင် ဖွင့်လှစ်နေသည့် သင်တန်းတွင် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်း (၇၀) ဦး တက်ရောက်နေခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net