နယ်စပ်မြို့ တာချီလိတ်အတွက် တောမီး နှင့် တောမီးခိုးများ ကာကွယ်ရေးမှာ အသုံးပြုရန် ကားနှစ်စီး ရရှိ

နယ်စပ်မြို့ တာချီလိတ်အတွက် တောမီး နှင့် တောမီးခိုးများ ကာကွယ်ရေးမှာ အသုံးပြုရန် ကားနှစ်စီး ရရှိ
ဒီဇင်ဘာ 15, 2019
By Tachileik News Agency

နယ်စပ်ဒေသ တာချီလိတ်မြို့မှာ နှစ်စဉ် ဖြစ်ပေါ်နေတဲ့ တောမီးအန္တရာယ် နဲ့ မီးခိုးမြူကိစ္စရပ်တွေ  ဖြစ်ပေါ်တဲ့ အခါမှာ အသုံးပြုနိုင်ရန် အတွက် ကိုရီးယား နဲ့ မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေးက ပေးလာတဲ့ မီးသတ်ယာဉ် နှစ်စီး ရရှိထားပါပြီ။

မီးသတ်ယာဉ် နှစ်စီးကို တာချီလိတ် ခရိုင်/မြို့နယ် သစ်တောဝန်ထမ်းများ အနေနဲ့ ကိုင်တွယ် အသုံးပြုတတ်ရန် တာချီလိတ်ခရိုင် မီးသတ်ဦးစီးဌာနက လက်တွေ့ ပြသပေးမှုကို ၂၀၁၉ခုနှစ် ဒီဇင်ဘာလ (၁၅)ရက်နေ့ နံနက်ပိုင်းက  ပြုလုပ်ခဲ့ပါတယ်။

တာချီလိတ်မြို့မှာ တောမီးအန္တရာယ်နဲ့ မီးခိုးမြူ ကိစ္စရပ်တွေ ကူညီဖြေရှင်းပေးဖို့ အတွက် ကိုရီးယားသစ်တော နဲ့ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးက ပံ့ပိုးပေးတာ ဖြစ်ကြောင်း သစ်တောဦးစီးဌာနရဲ့ တွဲဖက်ပြည်နယ်(ကျိုင်းတုံ)မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးတင့်က ပြောပါတယ်။

တောမီးလောင်ရင် ဘယ်လို ငြှိမ်းသတ်ရမယ် ဆိုတာနဲ့ စက်တွေ ကိုင်တွယ်ပုံကို စာတွေ့၊ လက်တွေ့ပြသတာဖြစ်တယ်လို့ တာချီလိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ကိုကိုက ပြောပါတယ်။

မြန်မာ - ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့မှာ နယ်စပ်တစ်လျှောက် တောမီးရှို့မှုများကြောင့် မီးခိုးများဟာ  မြို့တွင်းကို ဝင်ရောက် ဖုံးလွှမ်းတဲ့အထိ ၂၀၁၉ခုနှစ် မတ်လအတွင်းက ဆိုးဆိုးရွားရွား ဖြစ်ပွားခဲ့ပါတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~