ကျိုင်းတုံတက္ကသိုလ်တွင် စစ်အာဏာရှင်ကို မလိုလားသည့် ကျောင်းသား၊ကျောင်းသူ (၈၀၀)ကျော် ကျောင်းမတက်လို၍ CDM လုပ်ဆောင်

ကျိုင်းတုံတက္ကသိုလ်တွင် စစ်အာဏာရှင်ကို မလိုလားသည့် ကျောင်းသား၊ကျောင်းသူ (၈၀၀)ကျော် ကျောင်းမတက်လို၍ CDM လုပ်ဆောင်
မေ 15, 2021 | ရှမ်းရှေ့

 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ကျိုင်းတုံတက္ကသိုလ်တွင် အာဏာသိမ်းစစ်ကောင်စီကို အလိုမရှိ၍ ကျောင်းမတက်တော့ CDM လုပ်ဆောင်လိုက်သည့် အရေအတွက်မှာ (၈၀၀)ကျော်ရှိကြောင်း ကျိုင်းတုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက မေလ(၁၅)ရက်နေ့တွင် သတင်းထုတ်ပြန်ထားရှိသည်။

ကျိုင်းတုံတက္ကသိုလ်၏ ဘာသာရပ်အသီးသီးရှိ ကျောင်းသားကျောင်းသူ (၉၃၄)ဦးအနက် ကျောင်းမတက်ဘဲ CDM လုပ်ဆောင်သူမှာ (၈၀၇)ဦးရှိပြီး အဆက်သွယ် မရရှိသူ (၆၃)ဦး နှင့် Non-CDM လုပ်ဆောင်သူ (၆၄) သာရှိကြောင်း သိရသည်။

ယနေ့ ထုတ်ပြန်သည့် စာရင်းမှာ မေလ(၁၄)ရက်နေ့အထိ ရရှိထားသည့် စာရင်းဖြစ်ပြီး ထပ်မံသိရပါက ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။