ရှမ်းပြည်နယ်မှ ထွက်ခွာမည့် တောင်ကြီးမြို့နယ်အတွင်းက ကုန်တင်ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက် (၂)ဦးတို့တွင် COVID 19 တွေ့

ရှမ်းပြည်နယ်မှ ထွက်ခွာမည့် တောင်ကြီးမြို့နယ်အတွင်းက ကုန်တင်ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက် (၂)ဦးတို့တွင် COVID 19 တွေ့
အောက်တိုဘာ 24, 2020
By Tachileik News Agency
ရှမ်းပြည်နယ်မှ ထွက်ခွာမည့်  တောင်ကြီးမြို့နယ်အတွင်းက ကုန်တင်ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက် (၂)ဦးတို့တွင်  COVID 19 တွေ့ 
ရှမ်းပြည်နယ်မှ ထွက်ခွာမည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား RDT ဖြင့် စစ်ဆေးပေးနေသည့် ရှမ်းပြည်နယ်(တောင်ပိုင်း) အေးသာယာမြို့ စစ်ဆေးရေးဂိတ်တွင် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်နေ့၌ COVID 19 ပိုးတွေ့ရသူ (၂)ဦး တွေ့ရကြောင်း သိရသည်။
"တောင်ကြီး မြို့ပေါ် ကံသာရပ်ကွက်က ယာဉ်မောင်းတစ်ယောက်၊ နောက် အေးသာယာက ယာဉ်နောက်လိုက်တစ်ယောက်မှာ တွေ့ရတာပေါ့။ ကံသာက တစ်ယောက်က ကုန်မထွက်တာကြာပြီလို့ သိရတယ်။ သူ့အိမ်မှာပဲ နေနေတာကနေ အခု ကုန်ထွက်မယ်ဆိုပြီး ထွက်မယ့်ကားတွေကို စစ်ပေးနေတဲ့ အေးသာယာစစ်ဆေးရေးဂိတ်မှာ သွားစစ်လိုက်တာကနေ တွေ့တာ။ ထွက်ဖို့အတွက် သွားစစ်လိုက်တာ။ သူတို့က ရပ်ကွက်ထဲနေကြတာဆိုတော့ contact (ထိတွေ့သူ) နည်းနည်းတော့ ရှိတယ်။ တစ်ယောက်ကတော့ မိသားစု (၅)ယောက်လောက်ရှိတယ်။ တစ်ယောက်က မိသားစု (၃)ယောက်လောက်ရှိတယ်။"ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ အတည်ပြုလူနာ (၂)ဦးကို တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံ၌ ကုသပေးမည်ဖြစ်ပြီး ၎င်းတို့၏ မိသားစုဝင်များကို အသွားအလာကန့်သတ်ကာ ဓာတ်ခွဲနမူနာရယူစစ်ဆေးသွားမည်ဖြစ်သည့်အပြင် အခြားထိတွေ့သူများကိုလည်း ထပ်မံစိစစ်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~