နိုင်ငံအတွင်း အောက်တိုဘာလ(၂၃)ရက်နေ့တွင် Covid-19 အတည်ပြုလူနာ (၁၃၀၀)ကျော် နှင့် သေဆုံးသူ (၃၀)ကျော် ထပ်တိုး

နိုင်ငံအတွင်း အောက်တိုဘာလ(၂၃)ရက်နေ့တွင် Covid-19 အတည်ပြုလူနာ (၁၃၀၀)ကျော် နှင့် သေဆုံးသူ (၃၀)ကျော် ထပ်တိုး
အောက်တိုဘာ 23, 2020
By Tachileik News Agency
နိုင်ငံအတွင်း အောက်တိုဘာလ(၂၃)ရက်နေ့တွင် Covid-19 အတည်ပြုလူနာ (၁၃၀၀)ကျော် နှင့် သေဆုံးသူ (၃၀)ကျော် ထပ်တိုး

နိုင်ငံအတွင်းမှ ဓါတ်ခွဲနမူနာများကို ၂၀၂၀ခုနှစ် အောက်တိုဘာလ(၂၃)ရက်နေ့အတွက် စစ်ဆေးရာ Covid-19 အတည်ပြုလူနာ (၁,၃၆၁)ဦး ထပ်တိုးကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားရှိသည်။

၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့ အောက်တိုဘာလ(၂၃)ရက်နေ့အထိ Covid-19 အတည်ပြုလူနာ စုစုပေါင်း (၄၂,၃၆၅)ဦးအထိရှိနေရာ သေဆုံးသူမှာလည်း (၃၃)ဦး ထပ်တိုးသည့်အတွက် သေဆုံးသူ စုစုပေါင်း (၁,၀၉၈)ဦးအထိ ရှိနေကြောင်း သိရသည်။

အတည်ပြုလူနာများအနက် သက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရသွားသူမှာ အောက်တိုဘာလ(၂၃)ရက်နေ့တွင် (၁,၃၀၁)ဦး ထပ်တိုးသည့်အတွက် ဆေးရုံဆင်းခွင့်ရရှိသွားသူ စုစုပေါင်း (၂၂,၄၅၄)ဦးရှိသော်လည်း ဒေသအသီးသီးတွင် ကုသမှု ခံယူနေသည့် အတည်ပြုလူနာ စုစုပေါင်း (၁၈,၈၇၃)ဦး ကျန်ရှိနေသေးကြောင်း သိရသည်။

Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~