ရခိုင်ပြည်နယ်က ပြန်လာသည့် မကွေးမြို့မှ ယာဉ်မောင်းတစ်ဦးတွင် Covid-19 တွေ့

ရခိုင်ပြည်နယ်က ပြန်လာသည့် မကွေးမြို့မှ ယာဉ်မောင်းတစ်ဦးတွင် Covid-19 တွေ့
စက်တင်ဘာ 1, 2020
By Tachileik News Agency
ရခိုင်ပြည်နယ်က ပြန်လာသည့် မကွေးမြို့မှ ယာဉ်မောင်းတစ်ဦးတွင် Covid-19 တွေ့
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သြဂုတ်လ(၃၁)ရက်နေ့ နံနက်ပိုင်းနှင့် ညပိုင်း က ထုတ်ပြန်ခဲ့သည့် COVID-19 ပိုးတွေ့လူနာ စုစုပေါင်း (၁၀၇)ဦးအနက် တစ်ဦးမှာ မကွေးမြို့နယ်မှ အမျိုးသားတစ်ဦး ဖြစ်ကြောင်း မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အတည်ပြုပြောကြားချက်အရ သိရသည်။
"ကျွန်တော်တို့ မကွေးမြို့နယ်က Positive တစ်ယောက်တွေ့တာ ဟုတ်ပါတယ်။ လျှောင်းတော်ဦးကျေးရွာ က အသက် ၃၅နှစ်အရွယ် ယာဉ်မောင်းအမျိုးသားတစ်ဦးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရက်(၂၀)ဝန်းကျင်က ရခိုင်ကနေပြန်လာတယ်လို့ပဲ သိရပါသေးတယ်။ လူနာရာဇဝင် အသေးစိတ်ကိုတော့ မလိုက်နိုင်သေးပါ ဘူး။ သူ့ကို ဆေးရုံပို့ဖို့ လုပ်နေပါတယ်” ဟု မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်း က တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာ(၁)ရက် နေ့တွင် အတည်ပြုပြောကြားသည်။
အဆိုပါ ယာဉ်မောင်းမှာ ရခိုင်ပြည်နယ် ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့နယ်ဘက်သို့  ပန်းရံအလုပ်သမားများအား သွားပို့ပြီး ပြန်လာခဲ့သူ ဖြစ်ကြောင်း သိရပြီး ၎င်းနှင့်အတူ ယာဉ်မောင်း(၃)ဦးအား SWAB ယူစစ်ဆေးခဲ့ရာ ကျန်(၂)ဦးတွင် ပိုးမတွေ့ရဟု သိရသည်။
ပိုးတွေ့လူနာနှင့် ထိတွေ့သူများကိုလည်း ကျန်းမာရေးက စောင့်ကြည့်မှုများ လုပ်ဆောင်သွားမည်ဟု သိရပြီး ၎င်း မှာ COVID-19 ဒုတိယလှိုင်းတွင် မကွေးတိုင်း၏ ပထမဆုံးပိုးတွေ့လူနာဖြစ်ပြီး COVID-19 ပထမလှိုင်းတွင် မကွေးတိုင်းမှ ပိုးတွေ့လူနာ (၃)ဦး ပေါ်ထွက်ခဲ့ရာ ယခုအခါ ကျန်းမာရေးကောင်းမွန်စွာဖြင့် ဆေးရုံမှ ဆင်းနိုင်ခဲ့ကြကြောင်း သိရသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ၂၀၂၀ခုနှစ် ဩဂုတ်လ(၃၁)ရက်နေ့ နံနက်ပိုင်းက အတည်ပြုလူနာ (၁၂)ဦး နှင့် ညပိုင်းတွင် အတည်ပြုလူနာ (၉၅)ဦး တွေ့ရှိရကြောင်း ထုတ်ပြန်ကြေညာထားခြင်း ဖြစ်သည်။
Tachileik News Agency
သတင်း - ဖီးနစ်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~