တောင်ကြီးမြို့နယ်အတွင်းရှိ အေးသာယာမြို့တွင် Mask မတပ်ဘဲ အပြင်ထွက်ပါက ပညာပေးဟောပြောမှု တစ်နာရီကြာ နားထောင်ရမည်

တောင်ကြီးမြို့နယ်အတွင်းရှိ အေးသာယာမြို့တွင် Mask မတပ်ဘဲ အပြင်ထွက်ပါက ပညာပေးဟောပြောမှု တစ်နာရီကြာ နားထောင်ရမည်
အောက်တိုဘာ 3, 2020
By Tachileik News Agency

 

တောင်ကြီးမြို့နယ်အတွင်းရှိ အေးသာယာမြို့တွင် Mask မတပ်ဘဲ အပြင်ထွက်ပါက ပညာပေးဟောပြောမှု တစ်နာရီကြာ နားထောင်ရမည်

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ်အတွင်းရှိ အေးသာယာမြို့တွင် COVID 19 အတည်ပြုလူနာတွေ့ရသဖြင့် mask တပ်ဆင်ခြင်းမရှိဘဲ အပြင်ထွက် သွားလာသူများကို COVID 19 အသိပညာပေး တစ်နာရီကြာ နားထောင်ရန် အပါအဝင် COVID 19 ပျံ့နှံ့မှု ထိန်းချုပ်ရေးဆောင်ရွက်မှု (၆)ခုဖြင့် ဆောင်ရွက်ရန် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၃)ရက်နေ့၌ ကျင်းပသည့် အရေးပေါ်အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။
“မနေ့ညက အေးသာယာက Positive လူနာသည် တောင်ကြီးစပ်စံထွန်းဆေးရုံမှာ ဆေးကုသမှုခံယူလျှက်ရှိပြီးကျန်းမာလျှက်ရှိကြောင်း သိရှိရပါတယ်။ လူနာနဲ့ထိတွေ့ခဲ့သူ (၁၄) ဦး ကိုလည်း FQ (သတ်မှတ်ထားသည့် အသွားအလာကန့်သတ်သည့်နေရာ) ဝင်ခိုင်းထားပြီး Swab (ဓာတ်ခွဲနမူနာ) ယူပြီး တောင်ကြီး စဝ်စံထွန်းဆေးရုံမှာ စစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီကနေ့ နေ့လယ်မှာတော့ တောင်ကြီးထွေအုပ် DC ၊အေးသာယာမြို့အုပ်ချုပ်ရေးမှူး၊ စည်ပင်၊ ရပ်ကွက် (၁၂) ရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူးများနဲ့ အရေးပေါ်စည်းဝေးပွဲပြုလုပ်ခဲ့ပါတယ်။ 
စည်းဝေးပွဲမှာ အချက် (၆) ချက်ဆုံးဖြတ်ခဲ့ပါတယ်။”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၏ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် အသိပေးထားသည်။
အဆိုပါ အစည်းအဝေး ဆုံးဖြတ်ချက်အရ အေးသာယာမြို့ရှိ ပျံကျဈေး (၃) ဈေးကို အေးသာယာရုပ်ရှင်ရုံဘေးရှိ ကွင်းပြင်တွင် ယာယီပျံကျဈေးအဖြစ် အောက်တိုဘာလ (၄)ရက်နေ့မှစ၍ ပြောင်းလဲဖွင့်လှစ်ကာ social distancing နှင့်အညီ ဖွင့်လှစ်ရန်၊ အတည်ပြုလူနာ နေထိုင်ရာအိမ်ကို lock down ချထားပြီး လူနာနေအိမ်ရှိရာလမ်းကို ဆေးဖြန်းခြင်းဆောင်ရွက်ရန်၊ အေးသာယာမြို့ရှိ ရပ်ကွက် (၁၂)ခုလုံးတွင် mask camping ပြုလုပ်ရန်နှင့် လမ်းပေါ်တွင် စည်းကမ်းမဲ့စွန့်ပစ်ထားသည့် mask များကို ရှင်းလင်းရန်၊ mask မတပ်ဘဲ အပြင်ထွက်လာသူများကို Covid-19 ပညာပေးဟောပြောပွဲကို တစ်နာရီခန့် တက်ရောက်စေရန်၊ Facility Quarantine ဝင်နေသူများအား ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့အင်အားဖြင့် စနစ်တကျကြပ်မတ်ရန်၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့ရပ်ကွက်တွင်း ပြည်နယ်ပြင်ပမှ ပြန်လာသူများရှိ၊ မရှိ စစ်ဆေးရန်တို့ကို လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။ 
အေးသာယာမြို့တွင် နေထိုင်သည့် ကုန်တင်ယာဉ်မောင်းတစ်ဦးသည် ရန်ကုန်မှ ပြန်လာပြီးနောက် facility quarantine မဝင်ဘဲ နေအိမ်တွင် ပုံမှန်အတိုင်းနေထိုင်နေရာမှ (၅)ရက်အကြာတွင် အနံ့ပျောက်၍ facility quarantine ထားကာ ဓာတ်ခွဲနမူနာရယူစစ်ဆေးရာမှ ပိုးတွေ့လူနာအဖြစ် အောက်တိုဘာလ (၂)ရက်နေ့က ဓာတ်ခွဲအဖြေရခဲ့ခြင်းဖြစ်သည်။
အဆိုပါ အတည်ပြုလူနာနှင့်ထိတွေ့သည့် မိသားစုဝင်များအပါအဝင် စုစုပေါင်း (၁၄)ဦးကို အောက်တိုဘာလ (၃)ရက်နေ့၌ facility quarantine ထားရှိပြီး ဓာတ်ခွဲနမူနာရယူစစ်ဆေးရန် လုပ်ဆောင်နေခြင်းဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~