မကွေးတိုင်းအတွင်းမှ ရခိုင်နှင့်ရန်ကုန်သို့ ပြေးဆွဲနေသည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၅)ဦးတွင် COVID 19 ပိုးတွေ့

မကွေးတိုင်းအတွင်းမှ ရခိုင်နှင့်ရန်ကုန်သို့ ပြေးဆွဲနေသည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၅)ဦးတွင် COVID 19 ပိုးတွေ့
အောက်တိုဘာ 6, 2020
By Tachileik News Agency
မကွေးတိုင်းအတွင်းမှ  ရခိုင်နှင့်ရန်ကုန်သို့ ပြေးဆွဲနေသည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၅)ဦးတွင် COVID 19 ပိုးတွေ့
မကွေးတိုင်းသို့ ဝင်ရောက်လာသည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို Test Kit ဖြင့်စစ်ရာ COVID - 19 အတည်ပြုလူနာ (၅) ဦးတွေ့ရှိရကြောင်း မကွေးတိုင်းကျန်းမာရေးဦးစီးဌာနမှ သိရသည်။
"မကွေးတိုင်းအတွင်းက မြို့နယ်အားလုံးမှာ Test Kit  (၃၀၀၀) ဖြန့်ပေးထားပါတယ်။  ပြည်နယ်တိုင်းအလိုက် နယ်စပ်ဖြတ်ကျော် ကားသမားတွေကို စစ်ဆေးမှုတွေပြုလုပ်တာမှာ ရခိုင်ပြည်နယ်-မကွေးတိုင်း လမ်းကြောင်းမှာရှိတဲ့ ငဖဲမြို့နယ်က ပျဉ်းဝဂိတ်က (၂)ဦး၊ မင်းဘူးမြို့နယ် မင်းဘူးမြို့ကားကြီးကွင်းက (၃)ဦး စစ်ဆေးတွေ့ရှိခဲ့တာပါ"ဟု မကွေးတိုင်းကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရခိုင်ဘက်ပြည်နယ်ဘက်မှ မန္တလေးနှင့် ရန်ကုန်သို့သွားမည့် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့်  ယာဉ်နောက်လိုက် (၃၁)ဦးအား  ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့က Test Kit  ဖြင့်စစ်ဆေးရာ၌ (၂)ဦးတွင် COVID-19 ပိုးတွေ့ရှိခြင်းဖြစ်ကြောင်း ငဖဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း၏ ပြောကြားချက်အရသိရပြီး မင်းဘူးမြို့ ကားကြီးကွင်း၌ ရန်ကုန်-မင်းဘူး ၊ စစ်တွေ-မင်းဘူး ပြေးဆွဲသည့် ယာဉ် (၂၅) စီး၏ ယာဉ်မောင်း ၊ ယာဉ်နောက်လိုက် (၅၀) ဦးကို Test kit  ဖြင့်စစ်ရာ (၃) ဦးတွင် COVID 19 ပိုးတွေ့ရှိခြင်းဖြစ်ကြောင်း မင်းဘူး ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆန်းဌေးထံမှ  သိရသည်။
မကွေးတိုင်းအတွင်းသို့ ဝင်ရောက်လာမည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များတွင် ကျန်းမာရေးဌာနမှ (၂) ပတ်အတွင်းထုတ်ပေးထားသည့် COVID-19 Negative ဖြစ်ကြောင်း ထောက်ခံချက်မပါရှိပါက တိုင်းအတွင်းသို့ အဝင်မခံတော့ဘဲ အစိုးရကပံ့ပိုးပေးထားသည့် Test Kit များဖြင့် စစ်ဆေးလျှက်ရှိနေခြင်းဖြစ်သည်။ 
Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~