ကျိုင်းတုံမြို့တွင် Mask မတပ်ဘဲ အပြင်ထွက်သွားလာသူများအား နေ့စဉ်ကြပ်မတ် စိစစ်မည်

ကျိုင်းတုံမြို့တွင် Mask မတပ်ဘဲ အပြင်ထွက်သွားလာသူများအား နေ့စဉ်ကြပ်မတ် စိစစ်မည်
အောက်တိုဘာ 9, 2020
By Tachileik News Agency
ကျိုင်းတုံမြို့တွင် Mask မတပ်ဘဲ အပြင်ထွက်သွားလာသူများအား နေ့စဉ်ကြပ်မတ် စိစစ်မည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် Mask (နှာခေါင်းစည်း)မတပ်ဘဲ အပြင်ထွက်သွားလာသူများကို Mask ချက်ချင်းဝယ်ယူ တပ်ဆင်စေခြင်းနှင့် ဒဏ်ငွေ ကျပ် (၂၀၀) ပေးဆောင်စေခြင်းတို့ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
"Mask မတပ်တဲ့သူတွေနဲ့ပတ်သက်လို့ ထပ်ပြီးဆောင်ရွက်ဖို့လည်း ရှိပါတယ်။ ညွှန်ကြားချက်လည်း ထပ်ရောက်လာပါပြီ။ Mask မတပ်ရင် ဒဏ်ငွေ ကျပ် (၂၀၀)၊ နောက် Mask တစ်ခု ချက်ချင်းဝယ်ပြီးတပ်ဖို့ပါ။ အခုက ဒါပေမဲ့ ကျွန်တော်တို့ ကျိုင်းတုံမှာတော့ ညွှန်ကြားချက်တွေ၊ ပန်ကြားချက်တွေကို ညစဉ်ညတိုင်း ည (၆)နာရီကနေ (၈)နာရီအထိ ကားနဲ့လှည့်ပြီးကြေညာတယ်။ ကျေးရွာတွေမှာတော့ hand speaker နဲ့ ကြေညာပါတယ်။ နောက် ဈေးတွေမှာဆိုရင်လည်း အဖွဲ့လိုက်စစ်ဆေးတာတွေ လုပ်နေပါတယ်။ ကျွန်တော်တို့ မြို့မဈေးကြီးကတော့  (၉၉) ရာခိုင်နှုန်းကတော့ Mask တပ်ကြပါတယ်။"ဟု ကျိုင်းတုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ အောက်တိုဘာလ(၉)ရက်နေ့တွင် ပြောသည်။
ကျိုင်းတုံမြို့နယ်အတွင်း COVID 19 ကာကွယ်ရေးအတွက် အမျိုးသားအဆင့်မှ ညွှန်ကြားချက်များ၊ ပန်ကြားချက်များ၊ ပြည်နယ်အဆင့် ညွှန်ကြားချက်များ၊ ပန်ကြားချက်များအား အများပြည်သူ သိရှိလိုက်နာနိုင်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် မီးသတ်တပ်ဖွဲ့တို့က နေ့စဉ်ယာဉ်တန်းဖြင့် လှည့်လည်အသိပေးခြင်းကို ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency

 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~