ကျောက်မဲမြို့ရှိ မဲရုံအမှတ် (၃)တွင် မဲလာပေးသူများမှ မဲပုံး(၂)ပုံးကို တိုက်မိ၍ ပြုတ်ကျကာ လုံခြုံရေးကြိုးပြတ်

ကျောက်မဲမြို့ရှိ မဲရုံအမှတ် (၃)တွင် မဲလာပေးသူများမှ မဲပုံး(၂)ပုံးကို တိုက်မိ၍ ပြုတ်ကျကာ လုံခြုံရေးကြိုးပြတ်
နိုဝင်ဘာ 8, 2020
By Tachileik News Agency
ကျောက်မဲမြို့ရှိ မဲရုံအမှတ် (၃)တွင် မဲလာပေးသူများမှ မဲပုံး(၂)ပုံးကို တိုက်မိ၍ ပြုတ်ကျကာ လုံခြုံရေးကြိုးပြတ် 
 
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့၊ အမှတ် (၂)ရပ်ကွက် အမက(၁၁)တွင် ဖွင့်ထားသည့် မဲရုံအမှတ် (၃)၌ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့က မဲပေးနေစဉ် နံနက် (၇)နာရီဝန်းကျင်က မဲဆန္ဒပေးသူများ ဝင်တိုက်မိ၍ ဆန္ဒမဲပုံးပြုတ်ကျကာ လုံခြုံရေးကြိုးပြတ်သွားခဲ့ကြောင်း သိရသည်။
အမက (၁၁) ရှိ  မဲရုံအမှတ် (၃) တွင် ဆန္ဒမဲပုံး (၂)ပုံးမှာ မဲဆန္ဒရှင်များတိုက်မိ၍ ခုံပေါ်မှ ပြုတ်ကျသွားပြီး ချိတ်ပိတ်ထားသည့် လုံခြုံရေးကြိုးများ ပြတ်သွားခဲ့သဖြင့် မဲရုံမှူးနှင့် မဲရုံတာဝန်ရှိသူများက ရွေးကောက်ပွဲကော်မရှင်သို့ ချက်ချင်းအကြောင်းကြားကာ ချိတ်ပိတ်ကြိုး (၃)ကြိုးဖြင့် ပြန်လည်ပိတ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါမဲရုံတွင် ဆန္ဒမဲပေးခွင့်ရသူ (၂၁၉၀)ဦး ဆန္ဒမဲပေးကြရမည်ဖြစ်သည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~