ရွေးကောက်ပွဲအတွက် မကွေးတိုင်းဒေသကြီးတွင် အထူးရဲ (၄၅၄၈)ဦး အသုံးပြုမည်

ရွေးကောက်ပွဲအတွက် မကွေးတိုင်းဒေသကြီးတွင် အထူးရဲ (၄၅၄၈)ဦး အသုံးပြုမည်
အောက်တိုဘာ 30, 2020
By Tachileik News Agency
ရွေးကောက်ပွဲအတွက် မကွေးတိုင်းဒေသကြီးတွင် အထူးရဲ (၄၅၄၈)ဦး အသုံးပြုမည်
၂၀၂၀ ရွေးကောက်ပွဲအတွက် မကွေးတိုင်းဒေသကြီးအတွင်း မဲရုံလုံခြုံရေးဆောင်ရွက်နိုင်ရန် အထူးရဲအင်အား (၄,၅၄၈)ဦး အသုံးပြုသွားမည်ဖြစ်ကြောင်း  တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက ပြောကြားသည်။
“အေးချမ်းသာယာစွာနဲ့ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ကျွန်တော်တို့ သန္ဓေရဲတပ်ဖွဲ့ဝင်များနဲ့အတူ လိုအပ်တဲ့လုံခြုံရေးကို ကူညီဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး အထူးရဲတပ်ဖွဲ့ဝင်(၄,၅၄၈)ဦးကို အောက်တိုဘာ(၁)ရက်နေ့ကနေ (၂၈)ရက်နေ့အထိ သင်တန်း ပေးခဲ့ပြီးဖြစ်ပါတယ်”ဟု မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူ ရဲမှူးကြီးလှိုင်တင့် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ မဲရုံပေါင်း(၄,၅၄၈)ရုံအတွက် အထူးရဲ (၄,၅၄၈)ဦးကို တိုင်းအတွင်း နေရာပေါင်း(၁၃၅)နေရာခွဲကာ အောက်တိုဘာလ(၁)ရက်နေ့မှ (၂၈)ရက်နေ့အထိ သင်တန်းပေးခဲ့ခြင်းဖြစ်ပြီး သန္ဓေရဲတပ်ဖွဲ့ဝင်အင်အား(၂,၂၀၀)နှင့်ပူးပေါင်း၍ ရေးကောက်ပွဲလုံခြုံရေး ဆိုင်ရာစီမံချက်များအတိုင်း တာဝန်ပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဥပဒေအရ နယ်မြေခံ သန္ဓေရဲတပ်ဖွဲ့များအနေဖြင့် မဲရုံဧရိယာအတွင်း ဝင်ရောက် တာဝန်ထမ်းဆောင်ခွင့် မရှိဘဲ ဇုံနယ်မြေများ လုံခြုံရေး၊ မဲရုံမှ မဲသယ်ပို့စဉ် လမ်းကြောင်းလုံခြုံရေး၊ မဲရုံ ပရဝုဏ်ပြင်ပ လုံခြုံရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ပြီး အထူးရဲများကမူ  မဲရုံတစ်ရုံလျှင် တစ်ယောက်နှုန်းဖြင့် မဲရုံပရဝုဏ် အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်စေမည်ဖြစ်ကြောင်း သိရသည်။
အထူးရဲများ သိရှိလိုက်နာရမည့် ဥပဒေစည်းမျဉ်း စည်းကမ်းများ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေများ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း၊ ရဲကျင့်ဝတ်၊ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ၊ ရာဇသတ်ကြီးဥပဒေ၊ သတင်းမီဒီယာကျင့်ဝတ်၊ စစ်ရေးပြဘာသာရပ်များနှင့် အခြား သိမှတ်ဖွယ်ရာများ ကို အထူးရဲသင်တန်းတွင် စာတွေ့ လက်တွေ့သင်ကြားပို့ချခဲ့ပြီး အောက်တိုဘာ(၂၈)ရက်နေ့တွင် တိုင်း အတွင်းဖွင့်လှစ်ထားသည့် သင်တန်း(၁၃၅)ခုမှ အထူးရဲများအား တစ်ပြိုင်နက်ထဲ သင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - ဖီးနစ်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~