ရှမ်းပြည်နယ်(အရှေ့ပိုင်း) မှ COVID 19 ဓာတ်ခွဲနမူနာ (၂၀၀)ကျော်ကို တောင်ကြီး ပို့စစ်မည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မှ COVID 19 ဓာတ်ခွဲနမူနာ (၂၀၀)ကျော်ကို တောင်ကြီး ပို့စစ်မည်
အောက်တိုဘာ 10, 2020
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မှ COVID 19 ဓာတ်ခွဲနမူနာ (၂၀၀)ကျော်ကို တောင်ကြီး ပို့စစ်မည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ COVID 19 ဓာတ်ခွဲနမူနာ (၂၂၀) ကို တောင်ကြီးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၁)ရက်နေ့၌ ပို့စစ်သွားမည်ဖြစ်ကြောင်း သိရသည်။
"မနက်ဖြန်ပို့မှာက အသွားအလာကန့်သတ်ထားသူတွေ (၂၂၀)ရဲ့ ဓာတ်ခွဲပို့မှာပါ။"ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အသွားအလာကန့်သတ်၍ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးနေခြင်းဖြစ်ရာ မိုင်းဖြတ်မြို့မှ (၄)ဦး၊ မိုင်းယောင်းမြို့မှ (၇)ဦး၊ မိုင်းယန်းမှ (၆)ဦး၊ မိုင်းပျဉ်းမှ (၂၄)ဦး၊ မက်မန်းမှ (၂၃)ဦး၊ တာချီလိတ်မှ (၁၀၄)ဦးနှင့် ကျိုင်းတုံမှ (၅၂)ဦးတို့၏ ဓာတ်ခွဲနမူနာများကို ပို့စစ်သွားမည်ဖြစ်ကြောင်း သိရသည်။
တောင်ကြီးသို့ ပို့စစ်ထားသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းပျဉ်းနှင့် မိုင်းဆတ်မှ ဓာတ်ခွဲနမူနာ (၅၈)ခုတွင် COVID 19 ပိုးမတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့ ည (၈)နာရီတွင် သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်း၊ မိုင်းဖြတ်၊ မိုင်းတုံ၊ မိုင်းဆတ်နှင့် တာချီလိတ်မှ စောင့်ကြည့်လူနာများ၏ ဓာတ်ခွဲနမူနာများကို တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံ၌ လည်းကောင်း၊ ကျန်မြို့နယ်များမှ စောင့်ကြည့်လူနာများ၏ ဓာတ်ခွဲနမူနာများကို ကျိုင်းတုံပြည်သူ့ဆေးရုံ၌လည်းကောင်း စစ်ပေးနေပြီး အသွားအလာကန့်သတ်ထားသူများ၏ ဓာတ်ခွဲနမူနာများကို တောင်ကြီးသို့ ပို့စစ်နေခြင်းဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~