တာချီလိတ်မြို့ ဝမ်မိုင်ရွာအတွင်း မူးယစ်ဆေးဝါး ဖမ်းမိ

တာချီလိတ်မြို့ ဝမ်မိုင်ရွာအတွင်း မူးယစ်ဆေးဝါး ဖမ်းမိ
စက်တင်ဘာ 8, 2020
By Tachileik News Agency

တာချီလိတ်မြို့ ဝမ်မိုင်ရွာအတွင်း မူးယစ်ဆေးဝါး ဖမ်းမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ရွာအတွင်း၊ ဝမ်မိုင်လမ်းဟောင်း ဂေါက်ကွင်းအနီး လမ်းမပေါ်တွင် အမျိုးသား(၂)ဦးအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိ၍ အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။
မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့တို့မှ ၂၀၂၀ခုနှစ် စက်တင်ဘာလ (၈)ရက်နေ့ နေ့လည်(၁)နာရီခွဲဝန်းကျင် အချိန်က ဝမ်မိုင်ရွာအတွင်း ဂေါက်ကွင်းအဆင်းတွင် ဝမ်မိုင်ဘက်သို့ ဆိုက်ကား မောင်းလာသည့် Vigo အမျိုးအစား မော်တော်ယာဉ် နှင့် အိုက်ကား မောင်းလာသည့် Crown အမျိုးအစား မော်တော်ယာဉ်တို့အား ရပ်တန့် စစ်ဆေးရှာဖွေရာက အိုက်ကားမောင်းလာသည့် ယာဉ်ပေါ်က မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။
ပူးပေါင်းအဖွဲ့က ယာဉ်နှစ်စီးအတွင်း   ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ရာ အိုက်ကား မောင်းနှင်သည့် Crown အမျိုးအစား မော်တော်ယာဉ်၏ ယာဉ်မောင်းဘေးထိုင်ခုံပေါ်ရှိ မြွေရေခွံအိတ်အတွင်းမှ ဖြူရောင်ပုံဆောင်ခဲ ကက်တမင်း (၃)ကီလို ဝန်းကျင်အား သိမ်းဆည်းရမိကြောင်း သိရသည်။
မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ၍ အိုက်ကား နှင့် ဆိုက်ကား တို့အား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိပြီး ကွင်းဆင်းများဖမ်းဆီး ရမိ‌ရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~