တာချီလိတ်မြို့တွင် Covid-19 အတွက် ကျန်းမာရေး၏ ခွင့်ပြုချက်မဲ့ ဆေးဖြန်းသူများကို ပစ္စည်းသိမ်းကာ သတိပေး

တာချီလိတ်မြို့တွင် Covid-19 အတွက် ကျန်းမာရေး၏ ခွင့်ပြုချက်မဲ့ ဆေးဖြန်းသူများကို ပစ္စည်းသိမ်းကာ သတိပေး
ဒီဇင်ဘာ 9, 2020
By Tachileik News Agency

တာချီလိတ်မြို့တွင် Covid-19 အတွက် ကျန်းမာရေး၏ ခွင့်ပြုချက်မဲ့ ဆေးဖြန်းသူများကို ပစ္စည်းသိမ်းကာ သတိပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်အတွင်းက နေအိမ်တစ်လုံးမှာ COVID-19 ကာကွယ်ရေးအတွက် နေအိမ်တွေကို အခကြေးငွေရယူပြီး ပိုးသတ်ဆေးရည် လိုက်လံပက်ဖြန်းပေးနေတယ်လို့ သတင်းရရှိတဲ့အတွက် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၉) ရက်နေ့ နေ့လည် (၂) နာရီကျော်အချိန်မှာ သွားရောက် တားမြစ်ပြီး သတိပေးမှုတွေ လုပ်ဆောင်လိုက်တယ်လို့ သိရပါတယ်။ 
Online ကနေတဆင့် ထိုင်းနိုင်ငံထုတ် COVID-19 ကာကွယ်ရေးဖြန်းဆေးတွေ ပက်ဖြန်းနိုင်တယ်လို့ ကြေညာပြီး နေအိမ်တစ်လုံးကို ဘတ် (၃,၅၀၀) နှုန်းနဲ့ အခကြေးငွေရယူပြီး လုပ်ဆောင်နေတယ်လို့ သတင်းရရှိတဲ့အတွက် တာချီလိတ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ FDA နဲ့ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနတို့ ပူးပေါင်းအဖွဲ့က သတင်းရနေအိမ်ကို သွားရောက်ရှာဖွေခဲ့ကြတာဖြစ်ပါတယ်။ 
ဒီလိုရှာဖွေရာမှာ ဆေးဖြန်းပုံး (၃) လုံး၊ ဆေးဖြန်းစက်ကိရိယာတွေနဲ့အတူ လူ (၄) ဦးကိုတွေ့ရှိခဲ့ပါတယ်။ 
အခုလို အခကြေးငွေရယူပြီး နေအိမ်တွေကို COVID-19 ကာကွယ်ရေးဆေးဖြန်းရာမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်တစ်စုံတစ်ရာ ရယူထားခြင်းမရှိတာကို တွေ့ရှိခဲ့ရတဲ့အတွက် ဝိန်းကျောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ခေါ်ယူကာ သက်သေခံပစ္စည်းတွေသိမ်းဆည်းပြီး နောက်နောင်မပြုလုပ်ဖို့ ခံဝန်ကတိရေးထိုးခိုင်းခဲ့တယ်လို့ သိရပါတယ်။
Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~