တာခ်ီလိတ္တြင္ စတင္က်င့္သံုးေနသည့္ လမ္းေဘးအမိႈက္ပံုးစနစ္မွ စြန္႔ပစ္အမိႈက္မ်ားကို စည္ပင္က သီးသန္႔အစီအစဥ္ျဖင့္ သိမ္းဆည္းေပးမည္

တာခ်ီလိတ္တြင္ စတင္က်င့္သံုးေနသည့္ လမ္းေဘးအမိႈက္ပံုးစနစ္မွ စြန္႔ပစ္အမိႈက္မ်ားကို စည္ပင္က သီးသန္႔အစီအစဥ္ျဖင့္ သိမ္းဆည္းေပးမည္
စက်တင်ဘာ 7, 2019
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမို႕တြင္ အမိႈက္မ်ား စနစ္တက်စြန္႔ပစ္သည့္အေလ့အက်င့္ျဖစ္ေစရန္ ရပ္ကြက္မ်ားမ်ားအလုိက္ ထားရိွေပးထားသည့္ လမ္းေဘးအမိႈက္ပံုးမ်ားမွ အမိႈက္မ်ားသိမ္းဆည္းရန္ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနက သီးသန္႔အစီအစဥ္ျဖင့္ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။

ရပ္ကြက္မ်ားအတြင္း အမိႈက္သိမ္းျခင္းကို စည္ပင္သာယာေရးဌာနထံမွ လုပ္ကိုင္ခြင့္ ရရိွထားသည့္ ပုဂၢလိက ကုမၸဏီတစ္ခုက လုိက္လံသိမ္းဆည္းျခင္းျဖစ္ေသာ္လည္း စီမံခ်က္ျဖင့္ ထားရိွေပးထားသည့္ ရပ္ကြက္တြင္းမွ အမိႈက္ပံုးမ်ားကို အဆိုပါ ကုမၸဏီက တာဝန္ယူမည္မဟုတ္ဘဲ စည္ပင္သာယာေရးဌာနကသာ အမိႈက္သိမ္းဆည္းမည္ျဖစ္ေၾကာင္း သိရသည္။

"လမ္းသြားလမ္းလာ ခရီးသြားျပည္သူေတြ လြယ္လင့္တကူ အမိႈက္ပစ္လို႔ရေအာင္ အမိႈက္ပံုးေတြ ခ်ထားေပးတာေပါ့။ ကၽြန္ေတာ္တို႔ စီမံခ်က္နဲ႔ လမ္းသြားလမ္းလာေတြ အမိႈက္ပစ္လို႔ရေအာင္ ခ်ထားေပးတဲ့ အမိႈက္ပံုးေတြက အမိႈက္ေတြကို သီးျခားအမိႈက္ကားနဲ႔ သိမ္းေပးသြားမွာ ျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ ဒီဘတ္ဂ်က္ထဲမွာ အမိႈက္သိမ္းယာဥ္တစ္စီး ဝယ္ယူဖို႔ စီစဥ္ထားၿပီးျဖစ္ပါတယ္။ ဒီ (၁၀) လပိုင္းထဲမွာ ဝယ္ယူၿပီးသြားရင္ ဒီလုပ္ငန္းေတြကိုအေကာင္အထည္ေဖာ္သြားမွာ ျဖစ္ပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာန အမႈေဆာင္အရာရိွ ဦးစိုင္းခြန္ေဇာ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ၂၀၁၉  ခုႏွစ္၊ စက္တင္ဘာလ (၆)ရက္ေန႔တြင္ ေျပာသည္။

နယ္စပ္ၿမိဳ႕ တာခ်ီလိတ္တြင္ ၿမိဳ႕သာယာလွပေရးေဆာင္ရြက္ေနျခင္းျဖစ္ၿပီး ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန၊ စည္ပင္သာယာေရးဌာနႏွင့္ မဇၨ်ိမလူမႈကူညီေရးအသင္းတုိ႔က ၿမိဳ႕ေပၚရပ္ကြက္ (၁၁) ခုတြင္ လမ္းသြားလမ္းလာမ်ား အမိႈက္စြန္႔ပစ္ႏုိင္မည့္ အမိႈက္ပံုး (၆၄) ပံုးကို ၾသဂုတ္လအတြင္းက ထားရိွေပးခဲ့ျခင္းျဖစ္သည္။

"ဒါေတြက အိမ္ကထြက္တဲ့ အမိႈက္ေတြ ပစ္ဖို႔မဟုတ္ပါဘူး။ လမ္းမေပၚမွာသြားလာေနတဲ့ျပည္သူေတြ အစားအေသာက္ေလးေတြ စားလာမယ္။ ၾကြပ္ၾကြပ္အိတ္ေလးေတြ ပါလာမယ္။ ေရသန္႔ေသာက္မယ္။ လမ္းမွာသြားရင္းလာရင္း အမိႈက္ရိွလာရင္ အမိႈက္ပံုးမွာ လႊင့္ပစ္ဖို႔ပဲျဖစ္ပါတယ္။ အိမ္ကထြက္တဲ့ အမိႈက္ေတြေရာ၊ စီးပြားေရးလုပ္ငန္းက အမိႈက္ေတြ လာေရာက္စြန္႔ပစ္လို႔ မရပါဘူး"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာန အမႈေဆာင္အရာရိွ ဦးစိုင္းခြန္ေဇာ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ၾသဂုတ္လအတြင္းမွစ၍ ထားရိွေပးထားသည့္ လမ္းေဘးအမိႈက္ပံုးမ်ားတြင္ စနစ္တက်အမိႈက္စြန္႔ပစ္ေရး အသိပညာေပး စေတကာမ်ား ကပ္ထားေပးေသာ္လည္း ကားတာယာေဟာင္းမ်ားကဲ့သို႔ အိမ္ႏွင့္ ဆုိင္မ်ားမွ ထြက္ရိွသည့္အမိႈက္စြန္႔ပစ္မႈအခ်ိဳ႕ ရိွခဲ့သည္ကို ေတြ႔ရသည္။

လမ္းေဘးအမိႈက္ပံုးမ်ား ထားရိွေပးၿပီးေနာက္ ယခုလတြင္ အေျခခံပညာေက်ာင္းမ်ား၌ အမိႈက္ပံုးမ်ား ထားရိွႏိုင္ေရး ဆက္လက္စီစဥ္ေနျခင္း ျဖစ္သည္။

သတင္း #ဟန္စိုးထုိက္ - Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်တွင် စတင်ကျင့်သုံးနေသည့် လမ်းဘေးအမှိုက်ပုံးစနစ်မှ စွန့်ပစ်အမှိုက်များကို စည်ပင်က သီးသန့်အစီအစဉ်ဖြင့် သိမ်းဆည်းပေးမည်
***********
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အမှိုက်များ စနစ်တကျစွန့်ပစ်သည့်အလေ့အကျင့်ဖြစ်စေရန် ရပ်ကွက်များများအလိုက် ထားရှိပေးထားသည့် လမ်းဘေးအမှိုက်ပုံးများမှ အမှိုက်များသိမ်းဆည်းရန် မြို့နယ်စည်ပင်သာယာရေးဌာနက သီးသန့်အစီအစဉ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ရပ်ကွက်များအတွင်း အမှိုက်သိမ်းခြင်းကို စည်ပင်သာယာရေးဌာနထံမှ လုပ်ကိုင်ခွင့် ရရှိထားသည့် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက လိုက်လံသိမ်းဆည်းခြင်းဖြစ်သော်လည်း စီမံချက်ဖြင့် ထားရှိပေးထားသည့် ရပ်ကွက်တွင်းမှ အမှိုက်ပုံးများကို အဆိုပါ ကုမ္ပဏီက တာဝန်ယူမည်မဟုတ်ဘဲ စည်ပင်သာယာရေးဌာနကသာ အမှိုက်သိမ်းဆည်းမည်ဖြစ်ကြောင်း သိရသည်။

"လမ်းသွားလမ်းလာ ခရီးသွားပြည်သူတွေ လွယ်လင့်တကူ အမှိုက်ပစ်လို့ရအောင် အမှိုက်ပုံးတွေ ချထားပေးတာပေါ့။ ကျွန်တော်တို့ စီမံချက်နဲ့ လမ်းသွားလမ်းလာတွေ အမှိုက်ပစ်လို့ရအောင် ချထားပေးတဲ့ အမှိုက်ပုံးတွေက အမှိုက်တွေကို သီးခြားအမှိုက်ကားနဲ့ သိမ်းပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီဘတ်ဂျက်ထဲမှာ အမှိုက်သိမ်းယာဉ်တစ်စီး ဝယ်ယူဖို့ စီစဉ်ထားပြီးဖြစ်ပါတယ်။ ဒီ (၁၀) လပိုင်းထဲမှာ ဝယ်ယူပြီးသွားရင် ဒီလုပ်ငန်းတွေကိုအကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်"ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၁၉  ခုနှစ်၊ စက်တင်ဘာလ (၆)ရက်နေ့တွင် ပြောသည်။

နယ်စပ်မြို့ တာချီလိတ်တွင် မြို့သာယာလှပရေးဆောင်ရွက်နေခြင်းဖြစ်ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာနနှင့် မဇ္ဇျိမလူမှုကူညီရေးအသင်းတို့က မြို့ပေါ်ရပ်ကွက် (၁၁) ခုတွင် လမ်းသွားလမ်းလာများ အမှိုက်စွန့်ပစ်နိုင်မည့် အမှိုက်ပုံး (၆၄) ပုံးကို သြဂုတ်လအတွင်းက ထားရှိပေးခဲ့ခြင်းဖြစ်သည်။

"ဒါတွေက အိမ်ကထွက်တဲ့ အမှိုက်တွေ ပစ်ဖို့မဟုတ်ပါဘူး။ လမ်းမပေါ်မှာသွားလာနေတဲ့ပြည်သူတွေ အစားအသောက်လေးတွေ စားလာမယ်။ ကြွပ်ကြွပ်အိတ်လေးတွေ ပါလာမယ်။ ရေသန့်သောက်မယ်။ လမ်းမှာသွားရင်းလာရင်း အမှိုက်ရှိလာရင် အမှိုက်ပုံးမှာ လွှင့်ပစ်ဖို့ပဲဖြစ်ပါတယ်။ အိမ်ကထွက်တဲ့ အမှိုက်တွေရော၊ စီးပွားရေးလုပ်ငန်းက အမှိုက်တွေ လာရောက်စွန့်ပစ်လို့ မရပါဘူး"ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သြဂုတ်လအတွင်းမှစ၍ ထားရှိပေးထားသည့် လမ်းဘေးအမှိုက်ပုံးများတွင် စနစ်တကျအမှိုက်စွန့်ပစ်ရေး အသိပညာပေး စတေကာများ ကပ်ထားပေးသော်လည်း ကားတာယာဟောင်းများကဲ့သို့ အိမ်နှင့် ဆိုင်များမှ ထွက်ရှိသည့်အမှိုက်စွန့်ပစ်မှုအချို့ ရှိခဲ့သည်ကို တွေ့ရသည်။
လမ်းဘေးအမှိုက်ပုံးများ ထားရှိပေးပြီးနောက် ယခုလတွင် အခြေခံပညာကျောင်းများ၌ အမှိုက်ပုံးများ ထားရှိနိုင်ရေး ဆက်လက်စီစဉ်နေခြင်း ဖြစ်သည်။

သတင်း #ဟန်စိုးထိုက် - Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net