ကျောက်မဲမြို့ရှိ ဘုန်းကြီးကျောင်းအတွင်း အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး

ကျောက်မဲမြို့ရှိ ဘုန်းကြီးကျောင်းအတွင်း အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး
ဖေဖော်ဝါရီ 23, 2020
By Tachileik News Agency
ကျောက်မဲမြို့ရှိ ဘုန်းကြီးကျောင်းအတွင်း အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့ရှိ စိန်ကျောက်တောင်ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ အေးစေတီဘုရားအနီး သစ်ပင်တစ်ပင်တွင် ဖေဖေါ်ဝါရီလ (၂၃)ရက် နေ့လယ်ပိုင်းက အမျိုးသားတစ်ဦးအား ကြိုးဆွဲချသေဆုံးလျှက်ဖြင့် ငှက်ပစ်သွားသူတစ်ဦးက တွေ့ ရှိခဲ့ပြီး သက်ဆိုင်ရာသို့ အဆင့်ဆင့် အကြောင်းကြားခဲ့သည်။

၂၀၂၀ခုနှစ် ဖေဖေါ်ဝါရီလ (၂၃)ရက် နေ့လည် (၁၁)နာရီခွဲခန့်က ကျောက်မဲမြို့၊ အမှတ်(၃)ရပ်ကွက် ၊ စိန်ကျောက်တောင်ဘုန်းကြီးကျောင်းဝန်း အတွင်း ငှက်ပစ်ရန် သွားခဲ့သူ လူငယ်တစ်ဦးက အဆိုပါ အလောင်းကို တွေ့ရှိခဲ့ပြီး ဘုရားအနီး ရေစက်မောင်းနေသော အမျိုးသားကို သွားပြောရာမှတဆင့် အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဆက်လက်အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

အခင်းဖြစ်ပွားရာ နေရာသို့ သက်ဆိုင်ရာက သွားရောက်စစ်ဆေးခဲ့ရာ ကြိုးဆွဲချသေဆုံးသူ အမျိုးသားသည်  ကျောက်မဲမြို့၊ အမှတ်(၂)ရပ်ကွက်တွင် နေထိုင်သူ အသက်(၂၁)နှစ်အရွယ် နေအောင် ဆိုသူဖြစ်ကြောင်း သိရသည်။

သေဆုံးနေသူအား ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံသို့ပို့ဆောင် စစ်ဆေးနေပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် သေမှုသေခင်း အမှတ်စဥ် ( ၂/ ၂၀၂၀ ) ဖြင့် အမှုဖွင့်ကာ ရဲတပ်ဖွဲ့က စစ်ဆေး နေကြောင်း သိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~