မကွေးတိုင်းအတွင်း Quarantine ဝင်ရမည်စိုးရိမ်၍ မမှန်မကန် ပြောဆိုသူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိသူများကို ဥပဒေဖြင့် အရေးယူမည်

မကွေးတိုင်းအတွင်း Quarantine ဝင်ရမည်စိုးရိမ်၍ မမှန်မကန် ပြောဆိုသူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိသူများကို ဥပဒေဖြင့် အရေးယူမည်
စက်တင်ဘာ 8, 2020
By Tachileik News Agency
မကွေးတိုင်းအတွင်း Quarantine ဝင်ရမည်စိုးရိမ်၍ မမှန်မကန် ပြောဆိုသူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိသူများကို ဥပဒေဖြင့် အရေးယူမည်
မကွေးတိုင်းဒေသကြီးအတွင်းသို့ Stay at Home သတ်မှတ်နယ်မြေများမှ ရောက်ရှိလာသူများ quarantine ဝင်ရန် စိစစ်ရာတွင် မည်သည့်ဒေသမှ လာသည်ကို တင်ပြရန် ငြင်းဆိုသူများ ၊ နေရပ် လိပ်စာ လိမ်လည်ဖော်ပြသူများ ၊ မမှန်မကန် ဖြေကြားခြင်း ၊ စစ်ဆေးမှုကို ကြည်ဖြူစွာ ပူးပေါင်းဆောင် ရွက်ခြင်းမရှိသူများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဥပဒေပုဒ်မ-၂၅ အရ အရေးယူသွား မည်ဖြစ်ကြောင်း သိရသည်။ 
မကွေးတိုင်းဒေသကြီးအတွင်းသို့ Stay at Home သတ်မှတ်ထားသောနေရာများဖြစ်သည့် ရခိုင်၊ ရန်ကုန်မြို့ (၇)မြို့နယ်တို့မှ ရောက်လာသူများအနေဖြင့် Community Based Facility Quarantine တွင် (၁၄) ရက်နေထိုင်ကာ ဓါတ်ခွဲ နမူနာ(၂) ကြိမ်စစ်ဆေးမည်ဖြစ်ပြီး ရောဂါပိုးမတွေ့ပါက Home Quarantine (သို့မဟုတ်) Community Based Facility Quarantine တွင်(၇)ရက် ထပ်မံနေထိုင်ပြီးမှ တိုင်းအတွင်းသွားလာ ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။ 
“ဓာတ်ခွဲစစ်ဆေးခနှုန်းထားကို အတိအကျပြောလို့မရသေးပါဘူး။ နေပြည်တော်က နှုန်းတွေကို ကိုး ကားပြီး လုပ်ဆောင် သွားဖို့ရှိပါတယ်။ Facility Quarantine တွေမှာ ပုံမှန်အတိုင်း ကျန်းမာရေး ဝန်ထမ်းတွေ တာဝန်ချပေးထားပြီး ကျန်းမာရေးစစ်ဆေးတာ စောင့်ကြည့်တာတွေ လုပ်ဆောင်သွားမှာ ပါ ” ဟု မကွေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါက်တာခင်မောင်သန်းက ပြောသည်။ 
အစိုးရရုံးလုပ်ငန်းများနှင့်ပတ်သက်၍ တိုင်းအစိုးရအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ရေး လာရောက်ရန် အကြောင်းကြားစာ ရရှိထားသူများအပ  ဓာတ်ခွဲစစ်ဆေးကုန်ကျစရိတ်များကို ကာယကံရှင်များက ကျခံ ရမည်ဟု ဆိုသည်။
အစိုးရရုံးလုပ်ငန်းများနှင့်ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့နှင့်ဆက်သွယ်ဆောင် ရွက်ရန် လုပ်ငန်းရှိနေသူ များ၊ အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံတမန်များ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ အစည်းများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ဝန်ထမ်းများ၊ တာဝန်ထမ်းဆောင်ရန် မြို့နယ်ပြင်ပ သို့ ခွင့်ပြုချက်ရရှိသည့် အဖွဲ့အစည်း၊ ကုမ္ပဏီဝန်ထမ်းများ၊ ၎င်းတို့နှင့်သက်ဆိုင်သော လုပ်ငန်းများ ဆောင်ရွက်ရန် လာရောက်လိုပါက Community Based Facility Quarantine တွင် (၇)ရက်နေ ထိုင်၍ နှာခေါင်း/အာခေါင်တို့ပတ်နမူနာ (၂)ကြိမ်  ရယူစစ်ဆေးမှု ခံယူရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကိစ္စရပ်များအား စက်တင်ဘာလ (၇)ရက် နေ့စွဲဖြင့် တိုင်းအဆင့်ဌာနဆိုင်ရာအားလုံး ၊ ခရိုင် (၅)ခုမု အုပ်ချုပ်ရေးမှူးများအားလုံးကို မကွေးတိုင်းဒေသကြီး COVID-19 ရောဂါထိန်းချုပ်ရေး နှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ က ညွှန်ကြားထားပြီးဖြစ်ရာ စက်တင်ဘာလ (၉)ရက်နေ့မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ 
Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ-K S

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~