ကျောက်မဲမြို့နယ်တွင် ရပ်/ကျေးရုံးများမှ ခရီးသွားထောက်ခံချက်အတွက် အကြောင်းအမျိုးမျိုးဖြင့် ငွေကြေးတောင်းခံမှုအချို့ရှိနေ

ကျောက်မဲမြို့နယ်တွင် ရပ်/ကျေးရုံးများမှ ခရီးသွားထောက်ခံချက်အတွက် အကြောင်းအမျိုးမျိုးဖြင့် ငွေကြေးတောင်းခံမှုအချို့ရှိနေ
စက်တင်ဘာ 23, 2020
By Tachileik News Agency
ကျောက်မဲမြို့နယ်တွင် ရပ်/ကျေးရုံးများမှ ခရီးသွားထောက်ခံချက်အတွက် အကြောင်းအမျိုးမျိုးဖြင့် ငွေကြေးတောင်းခံမှုအချို့ရှိနေ
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်းမှ ရပ်/ကျေးအုပ်ချုပ်ရေးရုံးများအနေဖြင့် COVID 19 ကာလအတွင်း ခရီးသွားလာသူများကို  ရပ်ကွက်ထောက်ခံစာများ ထုတ်ပေးရာတွင် ငွေကြေးမကောက်ခံရန် မြို့နယ်အုပ်ချုပ်ရေးမှူးက ညွှန်ကြားထားသော်လည်း အချို့ရပ်ကွက်များ၌ တောင်းခံနေကြောင်း သိရသည်။
“ကျွန်တော့် ညီလေးက မူဆယ်ဘက်မှာ အလုပ်သွားလုပ်ဖို့ ကျောက်မဲမှာနေသူဖြစ်ကြောင်း ထောက်ခံစာသွားယူတာ ကျပ် (၅၀၀၀) ပေးပြီး နိုင်ငံတော်အလံကိုဝယ်မှ ထောက်ခံစာလုပ်ပေးမယ် လို့ပြောတယ်။ (၅၀၀၀) ကျပ် ပေးခဲ့ရတယ်။ အလံကိုကျတော့ အိမ်ကိုယူချင်ယူသွား မယူချင်ရင် ရုံးမှာထားခဲ့ ဆိုပြီးပြောတယ်။ အဲဒီလို ပိုက်ဆံပေးရတာကို သတင်းမီဒီယာတွေဆီ မပြောပြပါဘူး ဆိုတဲ့ အကြောင်းလည်း လက်မှတ်ထိုးခိုင်းတယ်” ဟု မြို့ပေါ်ရှိ ရပ်ကွက်တစ်ခု၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ခံစာယူခဲ့သူတစ်ဦး၏ မိသားစုဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ (၂၃) ရက်နေ့၌ ပြောသည်။
ယင်းကဲ့သို့ ငွေကြေးကောက်ခံခြင်းအား သတင်းမီဒီယာများသို့ ပြန်မပြောရန်နှင့် နိုင်ငံတော်အလံအား မိမိဆန္ဒအလျောက် ဝယ်ယူခြင်းသာဖြစ်ကြောင်း ခံဝန်စာရွက်တွင် လက်မှတ်ရေးထိုး ဝယ်ယူစေခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ခရီးသွားထောက်ခံစာအတွက် အချို့ရပ်ကွက်များတွင်လည်း ကျပ်ငွေ (၁၀၀၀) ကောက်ခံမှုလည်းရှိကြောင်း ခရီးသွားထောက်ခံစာရယူသူများထံမှ သိရသည်။
ကျောက်မဲမြို့နယ်အတွင်းမှ အခြားဒေသများသို့ ခရီးသွားလာမည့်သူများအား ရပ်/ကျေးရုံးများအနေဖြင့် ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမပြုဘဲ ထောက်ခံစာထုတ်ပေးရန် ညွှန်ကြားထားပြီးဖြစ်၍ ယင်းကဲ့သို့ ငွေကြေးတောင်းခံခြင်း၊ အခြားအကြောင်းများဖြင့် ငွေကြေးကောက်ခံရခြင်းများရှိပါက ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူးရုံး ဖုန်း ၀၈၂ ၄၀၀၂၃ သို့ ဆက်သွယ်တိုင်ကြားနိုင်မည်ဖြစ်သည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~