ရှမ်းပြည်နယ်အတွင်း CDM လုပ်ဆောင်နေသည့် စည်ပင်ဝန်ထမ်းများအား လစာဆိုင်းငံ့ရန် ပြည်နယ်စည်ပင် ညွှန်ကြား

ရှမ်းပြည်နယ်အတွင်း CDM လုပ်ဆောင်နေသည့် စည်ပင်ဝန်ထမ်းများအား လစာဆိုင်းငံ့ရန် ပြည်နယ်စည်ပင် ညွှန်ကြား
ဖေဖော်ဝါရီ 23, 2021 | နိုင်ငံရေး| ရှမ်းတောင်

စစ်အာဏာရှင်စနစ်ကို လက်မခံ၍ CDM တွင် ပါဝင်နေကြသည့် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန လက်အောက်ရှိ ဝန်ထမ်းများကို ရုံးတက်ရက်အတွက်သာ လစာပေးပြီး ကျန်ခွင့်မဲ့ပျက်ကွက်ရက်များအတွက် လစာဆိုင်းငံ့ထားရန်   ပြည်နယ်စည်ပင်သာယာရေးဌာနက ညွှန်ကြားထားကြောင်း သိရသည်။

"ကျွန်တော်တို့ကတော့ ဆုံးဖြတ်ချက် ချထားတဲ့အတိုင်း ဆက်လုပ်သွားမှာပဲ။ နောက်ပြန်မဆုတ်တော့ဘူး။ CDM ပဲ ဆက်လက် လှုပ်ရှားနေမှာပါ"ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ စည်ပင်ဝန်ထမ်းတစ်ဦးက ပြောသည်။

စစ်တပ်က ပြည်သူရွေးကောက်တင်မြှောက်ထားသည့်အစိုးရအား ဖမ်းဆီးကာ ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှစ၍ နိုင်ငံတော်အာဏာသိမ်းလိုက်သဖြင့် စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ပြည်သူ့ဝန်ထမ်းများက CDM လုပ်ဆောင်နေသည်ကို နည်းမျိုးစုံဖြင့် ဖိအားပေးမှုများ လုပ်ဆောင်လာကြသော်လည်း ဝန်ထမ်းများ၏ CDM လှုပ်ရှားမှုတွင် ဆက်လက်ပါဝင်နေကြဆဲဖြစ်သည်ကို တွေ့ရသည်။

Tachileik News Agency