တာချီလိတ်တွင် ညမထွက်ရအမိန့် နှင့် ဒေသန္တရအမိန့် ချိုးဖောက်သည့် KTV နှင့် Bar (၂)ဆိုင်ကို ဖမ်းဆီးအရေးယူ

တာချီလိတ်တွင် ညမထွက်ရအမိန့် နှင့် ဒေသန္တရအမိန့် ချိုးဖောက်သည့် KTV နှင့် Bar (၂)ဆိုင်ကို ဖမ်းဆီးအရေးယူ
စက်တင်ဘာ 4, 2020
By Tachileik News Agency

တာချီလိတ်တွင် ညမထွက်ရအမိန့် နှင့် ဒေသန္တရအမိန့် ချိုးဖောက်သည့် KTV နှင့် Bar (၂)ဆိုင်ကို ဖမ်းဆီးအရေးယူ

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ညမထွက်ရ အမိန့်ချိုးဖေါက်ပါက အရေးယူမည်ဟု အသိပေးကြေညာထားသည့် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်နေ့ညတွင် အမိန့်ချိုးဖေါက် ဖွင့်လှစ်ထားသည့် KTV တစ်ဆိုင်နှင့် ဘားတစ်ဆိုင်ကို ဖမ်းမိထားကြောင်း သိရသည်။
“အခု တစ်ဆိုင်မှာ (၂)ဦးစီကို အမှုဖွင့်နေပါတယ်။ ကျွန်တော်တို့ အရေးယူတာကတော့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူမှာ ဖြစ်ပါတယ်။ အဓိကကတော့ ကျွန်တော်တို့ သတ်မှတ်ထားတဲ့၊ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေ ရှိပါတယ်။ မီဒီယာတွေကနေ တစ်ဆင့်လည်း ကြေညာပေးနေတာပေါ့နော်။ ည (၁၂)နာရီကနေ မနက် (၄) နာရီအထိကို မထွက်ဖို့ဆိုပြီးတော့ ညွှန်ကြားထားတာ ရှိပါတယ်။ ဒေသန္တရအမိန့်လည်း ထုတ်ပြန်ထားတာပေါ့နော်။ ဒါလေးပဲလိုက်နာပြီး အပြင်မထွက်ပေးဖို့ ဒါလေးပဲ ပြောလိုပါတယ်”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ(၄)ရက်နေ့ကအကူး (၁)နာရီခွဲတွင် ပြောသည်။ 
မယ်ခေါင်ရပ်ကွက်၊ တံတား (၂)မီးပွိုင့်လမ်းဆုံရှိ Bar တစ်ခုနှင့် ရန်အောင်မြေ၊ ပါလျံမီးပွိုင့်အနီးရှိ KTV ဆိုင်တစ်ခုတို့ ဖွင့်လှစ်နေသည်ကို တွေ့ရသဖြင့် ဖမ်းဆီးအရေးယူထားခြင်းဖြစ်ကြောင်း သိရသည်။
COVID 19 ထိန်းချုပ်ရေးအတွက် လူစုလူဝေးဖြစ်စေသည့် KTV၊ Bar၊ Night Club များ ဖွင့်ခွင့်ပြုထားခြင်းမရှိသည့်အတွက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့်အချိန်အတွင်း လှည့်လည်စစ်ဆေးခြင်းကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ကျေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးဌာန၊ မီးသတ်တပ်ဖွဲ့အပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သည့်အဖွဲ့များဖြင့် ညစဉ်လှည့်လည်စစ်ဆေးခြင်းကို စက်တင်ဘာလ (၂) ရက်နေ့က စတင်လုပ်ဆောင်နေခြင်းဖြစ်သည်။
Tachileik News Agency
ဓါတ်ပုံ - GAD
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~