“၅၉” နှစ်ပြည့် တအာင်းအမျိုးသား တော်လှန်ရေးနေ့ အခမ်းအနား 

“၅၉” နှစ်ပြည့် တအာင်းအမျိုးသား တော်လှန်ရေးနေ့ အခမ်းအနား 
ဇန်နဝါရီ 13, 2022 | ရှမ်းမြောက်

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA) ၏ “၅၉” နှစ်ပြည့် တအာင်းအမျိုးသား တော်လှန်ရေးနေ့အခမ်းအနားကို တအာင်းပြည်နယ်လွတ်မြောက်နယ်မြေ တစ်နေရာ၌ ၂၀၂၂ခုနှစ် ဇန်နဝါရီလ (၁၂)ရက်နေ့ နံနက်(၅)နာရီကနေ နေ့လည်ပိုင်းအထိ ကျင်းပြုလုပ်ခဲ့ကြောင်း သတင်းနှင့်ပြန်ကြားရေးဌာနက ဇန်နဝါရီလ(၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

 

အခမ်းအနားတွင် PSLF/TNLA၏ တားခွန်တောင်း စစ်ကြောင်း၊ တားခွန်အေး စစ်ကြောင်း၊ တားဂေါင်းဂျား စစ်ကြောင်း၊ တားညီလုံ စစ်ကြောင်း၊ တားအပန်းစစ်ကြောင်း၊ တားရောဘတ်စစ်ကြောင်း၊ တားကျမ်အောင်စစ်ကြောင်း၊ တားအောင်မြတ်စစ်ကြောင်း စသည့် စစ်ကြောင်း(၈)ကြောင်း ဖြင့် ချီတက်ခဲ့ကြပြီး  ညီနောင်မဟာမိတ်တပ်ဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော် MNTJP/MNDAA နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့က တအာင်းအမျိုးသားတော်လှန်ရေးနေ့သို့ ဂုဏ်ပြုသဝဏ်လွှာအဖြစ် ပေးပို့လာသည်ကို  TNLA ၏ စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးကြီး တားနောရိူန်းက ဖတ်ကြားခဲ့ကြောင်း သိရသည်။ 

တအာင်းအမျိုးသား တော်လှန်ရေးနေ့အခမ်းအနားသို့ လူဦးရေ (၃၀၀၀)ကျော် တက်ရောက်ခဲ့ကြောင်း နှင့် တအာင်းစစ်ဒေသအသီးသီးရှိ လုပ်ငန်းဌာနများ၊ တပ်မဟာများ နှင့် တပ်ရင်းများတွင်လည်း တအာင်းအမျိုးသား တော်လှန်ရေးနေ့အခမ်းအနားကို ကျင်းပခဲ့သည်ဟု သိရသည်။ 

#TachileikNewsAgency

Photo: PSLF/TNLA