ကျောက်မဲမြို့နယ်အတွင်း ခိုမုန်းကျေးရွာရှိ တောထဲတွင် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ အလောင်းတွေ့ရှိ

ကျောက်မဲမြို့နယ်အတွင်း ခိုမုန်းကျေးရွာရှိ တောထဲတွင် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ အလောင်းတွေ့ရှိ
စက်တင်ဘာ 14, 2020
By Tachileik News Agency
ကျောက်မဲမြို့နယ်အတွင်း ခိုမုန်းကျေးရွာရှိ တောထဲတွင် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ အလောင်းတွေ့ရှိ

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့၊ ခိုမုန်းကျေးရွာရှိ နေကြာရိုင်းခြုံတောတစ်ခုအတွင်း ပုတ်ပွသေဆုံးနေသည့် အမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိ၍ ရဲတပ်ဖွဲ့က စစ်ဆေးနေကြောင်း သိရသည်။

ခိုမုန်းကျေးရွာနယ်နိမိတ်အတွင်း ရှမ်းစာပေနှင့်ယဥ်ကျေးမှုကွင်း အဝင်မုခ်ဦး ယာဘက်အခြမ်းရှိ နေကြာရိုင်း ခြုံတစ်ခုအတွင်း၌ သေဆုံးနေသော အမျိုးသားတစ်ဦး၏ အလောင်းကို ၂၀၂၀ခုနှစ် စက်တင်ဘာ (၁၄)ရက်နေ့ မွန်းလွဲပိုင်းက ဒေသခံအချို့မှ တွေ့ရှိခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးမှတစ်ဆင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ 
သက်ဆိုင်ရာက သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူ၏ အင်္ကျီအိပ်ကပ်အတွင်း စိုင်းခမ်းအောင် ( ၅၃ နှစ်)အမည်ပါ မှတ်ပုံတင်တစ်ခု၊ သေဆုံးသူနှင့် (၁၅)ပေခန့်အကွာတွင် မူးယစ်ဆေးဝါးသုံးစွဲထားသည့် ကိရိယာများ၊ ဆေးထိုးအပ်များတွေ့ရှိခဲ့ပြီး အလောင်းအား နမ့်ခုံးရှမ်းများပရဟိတအသင်းက  ကျောက်မဲ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ 
အဆိုပါအမျိုးသား သေဆုံးမှုအား ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ် မဟုတ် သေမှုသေခင်း အမှတ်စဥ် ( ၁၂ / ၂၀၂၀ )ဖြင့် ကျောက်မဲမြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေးနေသည်ဟု သိရသည်။
  Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~