ကျောက်မဲ မှ ရန်ကုန်သို့ ပြေးဆွဲသည့် ခရီးသည်တင်ယာဉ်လိုင်းများအတွက် ယာဉ်မောင်း နှင့် ယာဉ်အကူများကို ကျောက်မဲတွင် Home Quarantine ထားရှိမည်

ကျောက်မဲ မှ ရန်ကုန်သို့ ပြေးဆွဲသည့် ခရီးသည်တင်ယာဉ်လိုင်းများအတွက် ယာဉ်မောင်း နှင့် ယာဉ်အကူများကို ကျောက်မဲတွင် Home Quarantine ထားရှိမည်
စက်တင်ဘာ 4, 2020
By Tachileik News Agency
ကျောက်မဲ မှ ရန်ကုန်သို့ ပြေးဆွဲသည့် ခရီးသည်တင်ယာဉ်လိုင်းများအတွက် ယာဉ်မောင်း နှင့် ယာဉ်အကူများကို  ကျောက်မဲတွင် Home Quarantine ထားရှိမည်
ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့မှ ရန်ကုန်သို့ ပြေးဆွဲသည့် ခရီးသည်တင်ယာဥ်များမှ ယာဥ်မောင်း၊ ယာဥ်အကူများကို စက်တင်ဘာလ(၅)ရက်က စတင်၍ သီးသန့်နေအိမ်ဖြင့်ထားရှိမည်ဖြစ်ပြီး ရန်ကုန် နှင့် ရခိုင်ပြည်နယ်မှ ကျောက်မဲသို့ ဝင်လာသူအားလုံးကိုလည်း Home Quarantine ထားရန်အတွက် ကျန်းမာရေးဌာနက ဆုံးဖြတ်ပေးမည် ဟု သိရသည်။
"ကျောက်မဲ - ရန်ကုန် ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဥ်တွေက ပါလာသူတွေကို Check Point မှာ စာရင်း ယူမယ်။ သူတို့ နေအိမ်တွေမှာပဲ H.Q အဖြစ်ထားမယ်။ ခရီးသည်တင်ယာဥ်က ယာဥ်မောင်း၊ ယာဥ်နောက်လိုက်တွေကိုတော့ ယာဥ်လိုင်း ပိုင်ရှင်တွေက သီးသန့်နေအိမ် စီစဥ်ပေးရမယ်"ဟု ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက ပြောသည်။
ကျောက်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ခန်းမတွင် မြို့နယ် Covid-19 တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီ နှင့် ခရိုင်၊ မြို့နယ်ကျန်းမာရေး အပါအဝင်  ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှူကူညီရေး အသင်းအဖွဲ့များ နှင့် ကြက်ခြေနီ အစရှိသည်တို့ ပါဝင်သည့် အစည်းအဝေးတစ်ရပ်ကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၄)ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
Covid-19 ကူးစက်ရောဂါကြောင့် ၂၀၂၀ ခုနှစ် မတ်လအတွင်းက ကျောက်မဲပြည်သူ့ ဆေးရုံရှေ့တွင် ကျန်းမာရေး စစ်ဆေးမှုစင်တာ ( Check Point ) တစ်ခုဖွင့်လှစ်ခဲ့ပြီးနောက် ဇွန်လကုန်ပိုင်း၌ ရုတ်သိမ်းခဲ့ရာ ယခုအခါမှာ နေရာပြောင်းရွှေ့ကာ Check Point တစ်ခု ပြန်လည် ဖွင့်လှစ်ရန်အတွက် အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ကျောက်မဲ မှ ရန်ကုန် သို့ ​ပြေးဆွဲသည့် ခရီးသည်တင် Express ယာဥ်လိုင်း (၂)ခုသာရှိပြီး ယာဥ်လိုင်းများ ပြေးဆွဲခွင့် မပိတ်သိမ်းသေးသော်လည်း စက်တင်ဘာလမှစ၍ ရန်ကုန်နှင့် ရခိုင်မှ ပြန်လာသူ မည်သူမဆို ခရိုင်ကျန်းမာရေးဌာန၏ ဆုံးဖြတ်မှုဖြင့် နေအိမ်အသွားအလာကန့်သတ် ထားရှိမည်ဖြစ်ကာ၊ ရန်ကုန်ကား ယာဥ်လိုင်းမှယာဥ်မောင်းနှင့် ယာဥ်နောက်လိုက်များလည်း သီးသန့် နေအိမ်ဖြင့်နေရမည်ဟု သိရသည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~