တာချီလိတ်မြို့ စက်မှုဇုန်အတွက်သိမ်းဆည်းမြေမှ ဧက (၃၀၀)ကျော်ကို မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်ရန် စိစစ်နေ
တာချီလိတ်မြို့ စက်မှုဇုန်အတွက်သိမ်းဆည်းမြေမှ ဧက (၃၀၀)ကျော်ကို မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်ရန် စိစစ်နေ
မေ 20, 2019
By Tachileik News Agency
တာချီလိတ်စက်မှုဇုန်ဖော်ဆောင်ရေးအတွက် ယခင်က ဟောင်လိတ်ဟု ခေါ်သည့် ဆေခမ်းရပ်ကွက်အတွင်းရှိ လယ်ယာမြေဧက (၆၀၀) ကျော်သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး အကောင်အထည်မဖော်နိုင်ဘဲကျန်နေသည့် (၃၁၇) ဧကကို မူလတောင်သူများထံပြန်လည်ပေးအပ်နိုင်ရေးအတွက် ကွင်းဆင်းတိုင်းတာရေးအဖွဲ့ဖွဲ့စည်းပြီး မြေပြင်တိုင်းတာခြင်းနှင့် ဦးပိုင်စာရင်းများကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် စက်မှုဇုန်ဖော်ဆောင်ရေးအတွက် သိမ်းဆည်းထားသည့် လယ်ယာမြေများထဲမှ အကောင်အထည်မဖော်နိုင်ဘဲကျန်ရှိနေသည့် လယ်ယာမြေများကို မူလပိုင်ရှင်များထံပြန်လည်လွှဲအပ်နိုင်ရေးအတွက် ၂၀၁၉ ခုနှစ်၊ မေလ (၂၀) ရက်နေ့က တောင်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူတို့ တွေ့ဆုံဆွေးနွေးကြသည်။
"စက်မှုရပ်ကွက်နဲ့ ပတ်သက်ပြီးကျွန်တော်တို့ကို ညွှန်ကြားထားတာရှိပါတယ်။ အကောင်အထည်ဖော်ဖို့ကျန်ရှိတဲ့ (၃၁၇) ဧကပေါ့။ စက်မှုရပ်ကွက်သိမ်းဆည်းချိန်တုန်းက ပါဝင်သွားတဲ့ မူလတောင်သူတွေပေါ့။ ပြန်ပြီးတော့နေရာပြန်ချထားပေးနိုင်ဖို့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တောင်သူတွေနဲ့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်တဲ့ အစီအမံတွေ ပြန်လည်တင်ပြပါဆိုတဲ့ ညွှန်ကြားချက်ရပါတယ်။ မူလတောင်သူတွေကို အမြန်ဆုံးလက်ဝယ်ပြန်လည်ပေးအပ်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်တွေ၊ သိမ်းဆည်းတဲ့အခါကပါဝင်သွားတဲ့ မူလတောင်သူတွေနဲ့ မြို့နယ်မြပြေန်စစ်အဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
သိမ်းဆည်းမြေများပြန်လည်ပေးအပ်ရေးအတွက် ဆေခမ်းရပ်ကွက်တွင် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။
တာချီလိတ်စက်မှုဇုန်ဖော်ဆောင်ရေးအတွက် ယခင်က ဟောင်လိတ်ဟု ခေါ်သည့် ဆေခမ်းရပ်ကွက်အတွင်းရှိ လယ်ယာမြေဧက (၆၀၀) ကျော်သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး အကောင်အထည်မဖော်နိုင်ဘဲကျန်နေသည့် (၃၁၇) ဧကကို မူလတောင်သူများထံပြန်လည်ပေးအပ်နိုင်ရေးအတွက် ကွင်းဆင်းတိုင်းတာရေးအဖွဲ့ဖွဲ့စည်းပြီး မြပြေင်တိုင်းတာခြင်းနှင့် ဦးပိုင်စာရင်းများကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း 
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net