ရခိုင်ပြည်နယ်တွင် ပြည်တွင်းကူးစက် COVID 19 လူနာ (၆)ဦးထပ်တွေ့၍ တစ်ပတ်တာအတွင်း ပြည်တွင်းကူးစက်ခံရသူ (၅၁)ဦးအထိ တိုးလာ

ရခိုင်ပြည်နယ်တွင် ပြည်တွင်းကူးစက် COVID 19 လူနာ (၆)ဦးထပ်တွေ့၍ တစ်ပတ်တာအတွင်း ပြည်တွင်းကူးစက်ခံရသူ (၅၁)ဦးအထိ တိုးလာ
သြဂုတ် 22, 2020
By Tachileik News Agency
ရခိုင်ပြည်နယ်တွင် ပြည်တွင်းကူးစက် COVID 19 လူနာ (၆)ဦးထပ်တွေ့၍ တစ်ပတ်တာအတွင်း ပြည်တွင်းကူးစက်ခံရသူ (၅၁)ဦးအထိ တိုးလာ
ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် မြောက်ဦးမြို့တို့မှ စောင့်ကြည့်လူနာ (၄)ဦးနှင့် အတည်ပြုလူနာဖြင့် ထိတွေ့၍ အသွားအလာ ကန့်သတ်ထားသူ (၂)ဦးတို့တွင် COVID 19 ပိုးတွေ့ရသဖြင့် ရခိုင်ပြည်နယ်တွင်း ပြည်တွင်းကူးစက်မှုအဖြစ် တွေ့ရသည့်လူနာ (၅၁)ဦးအထိ တိုးလာပြီး တစ်နိုင်ငံလုံးတွင် အတည်ပြုလူနာ (၄၄၁)ဦး ရှိလာပြီဖြစ်သည်။
ရခိုင်ပြည်နယ်တွင် သြဂုတ်လ (၁၆)ရက်နေ့မှ သြဂုတ်လ (၂၂)ရက်နေ့အထိ တွေ့ရသည့် အတည်ပြုလူနာ (၅၁)ဦးအနက် (၄၈)ဦးကို စစ်တွေပြည်သူ့ဆေးရုံ၌ ကုသပေးနေပြီး (၃)ဦးကို မြောက်ဦးပြည်သူ့ဆေးရုံ၌ ကုသပေးနေခြင်းဖြစ်သည်။
ပြည်တွင်းကူးစက်မှုအဖြစ် တစ်ပတ်တာ ကာလအတွင်း အတည်ပြုလူနာ အများအပြားတွေ့ရသည့်အတွက် စစ်တွေပြည်သူ့ဆေးရုံတွင် ကုသရေးပိုင်း၌ အားဖြည့်ပေးရန် မိမိဆန္ဒအလျောက် သဘောထားပြုထားသည့် ဆရာဝန်များကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စေလွှတ်ပေးနေသည်ကိုလည်း တွေ့ရသည်။
တစ်နိုင်ငံလုံးရှိ အတည်ပြုလူနာများအနက် သြဂုတ်လ (၂၂)ရက်နေ့အထိ ဆေးရုံဆင်းခွင့်ရသူ (၃၃၅)ဦးရှိနေပြီဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~