စက်တင်ဘာလ(၁၁)ရက်နေ့အတွက် နှစ်သုတ်ပေါင်း ဓါတ်ခွဲစစ်ဆေးမှုတွင် Covid-19 အတည်ပြုလူနာ (၁၈၀)ဦး ထပ်တိုးရာ ရန်ကုန်မှ (၁၂၆)ဦး ပါဝင်

စက်တင်ဘာလ(၁၁)ရက်နေ့အတွက် နှစ်သုတ်ပေါင်း ဓါတ်ခွဲစစ်ဆေးမှုတွင် Covid-19 အတည်ပြုလူနာ (၁၈၀)ဦး ထပ်တိုးရာ ရန်ကုန်မှ (၁၂၆)ဦး ပါဝင်
စက်တင်ဘာ 12, 2020
By Tachileik News Agency
စက်တင်ဘာလ(၁၁)ရက်နေ့အတွက် နှစ်သုတ်ပေါင်း ဓါတ်ခွဲစစ်ဆေးမှုတွင် Covid-19 အတည်ပြုလူနာ (၁၈၀)ဦး ထပ်တိုးရာ ရန်ကုန်မှ (၁၂၆)ဦး ပါဝင်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ စက်တင်ဘာလ(၁၁)ရက်နေ့အတွက် (၁,၆၄၃)ဦး၏ ဓါတ်ခွဲနမူနာများကို စစ်ဆေးရာတွင် အတည်ပြုလူနာ (၂၃)ဦးအသစ် ထပ်တွေ့ရ၍ စက်တင်ဘာလ(၁၁)ရက်နေ့၏ နှစ်သုတ်ပေါင်း  ဓါတ်ခွဲစစ်ဆေးမှု Covid-19 အတည်ပြုလူနာ စုစုပေါင်း (၁၈၀)ဦး တိုးလာပြီး ရန်ကုန်တိုင်းဒေသကြီးက အများဆုံး ပါဝင်ကြောင်း စက်တင်ဘာလ(၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်ထားရှိသည်။

စက်တင်ဘာလ(၁၁)ရက်နေ့အတွက် ပထမအသုတ်အဖြစ် (၂,၄၇၅)ဦးကို ပထမအသုတ်တွင် ဓါတ်ခွဲစစ်ဆေးရာ (၁၅၇)ဦးတွင် Covid-19 ပိုးတွေ့ရပြီး ဒုတိယအသုတ်အဖြစ် (၁,၆၄၃)ဦး၏ ဓါတ်ခွဲနမူနာများကို ဆက်လက် စစ်ဆေးရာတွင် အတည်ပြုလူနာ (၂၃)ဦး ထပ်တိုးတွေ့ရှိခြင်း ဖြစ်သည်။

အသစ်ထပ်တိုးသည့် (၁၈၀)ဦးတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းက (၁၂၆)ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းထဲက(၁၁)ဦး၊ ရခိုင်ပြည်နယ်မှ (၇)ဦး၊ မွန်ပြည်နယ်က (၁၉)ဦး၊ ပဲခူးတိုင်းဒေသကြီးအတွင်းက (၃)ဦး၊ နေပြည်တော် မှ (၅)ဦး၊ ဧရာဝတီတိုင်းဒေသကြီး မှ (၇)ဦး နှင့် မကွေးတိုင်းဒေသကြီးအတွင်းမှ (၂)ဦး  တို့ ပါဝင်သည်။

၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့မှ စက်တင်ဘာလ(၁၂)ရက်နေ့အထိ နိုင်ငံအတွင်း Covid-19 ကူးစက်ခံရသူ စုစုပေါင်း (၂,၄၄၁)ဦးရှိပြီး သေဆုံးသူမှာ (၁၅)ဦးအထိ ရှိလာကြောင်း သိရသည်။

Tachileik News Agency
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~