အထိအတွေ့မရှိသည့် စစ်တွေမြို့က စောင့်ကြည့်လူနာတစ်ဦးတွင် Covid-19 စစ်ဆေးတွေ့ရှိ

အထိအတွေ့မရှိသည့် စစ်တွေမြို့က စောင့်ကြည့်လူနာတစ်ဦးတွင် Covid-19 စစ်ဆေးတွေ့ရှိ
သြဂုတ် 16, 2020
By Tachileik News Agency
အထိအတွေ့မရှိသည့် စစ်တွေမြို့က စောင့်ကြည့်လူနာတစ်ဦးတွင် Covid-19 စစ်ဆေးတွေ့ရှိ
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပြည်ပခရီးမှပြန်လာသူမဟုတ်သည့် စောင့်ကြည့်လူနာတစ်ဦးတွင် COVID 19 ပိုးတွေ့ရသဖြင့် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၆) ရက်နေ့၌ မြန်မာနိုင်ငံတွင် အတည်ပြုလူနာ စုစုပေါင်း (၃၇၅)ဦး ရှိလာပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် COVID 19 အတည်ပြုလူနာအများစုမှာ ရောဂါဖြစ်ပွားနေသည့် နိုင်ငံများမှ ရောက်လာသူများဖြစ်သဖြင့် ပြည်ပမှ ပြန်လာသူများကို အသွားအလာကန့်သတ်၍ ဓာတ်ခွဲနမူနာစစ်ဆေးပြီးနောက် (၂၁)ရက်ပြည့်သည် အထိ Quarantine ဝင်စေသည့် စနစ်ကို ကျင့်သုံးနေပြီး COVID 19 သံသယ လက္ခဏာရှိသူများကို သံသယစောင့်ကြည့်လူနာအဖြစ် ဓာတ်ခွဲနမူနာရယူစစ်ဆေးခြင်းကို လုပ်ဆောင်နေခြင်းဖြစ်သည်။
အတည်ပြုလူနာဖြစ်သွားသည့် စစ်တွေဆေးရုံမှ စောင့်ကြည့်လူနာမှာ ပြည်ပခရီးသွားလာခြင်းမရှိသည့်အပြင် အတည်ပြုလူနာနှင့် ထိတွေ့ခဲ့ခြင်းလည်းမရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ အတည်ပြုလူနာအနက် (၃၂၁)ဦး ဆေးရုံဆင်းခွင့်ရပြီဖြစ်ပြီး (၆)ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~