တာချီလိတ်မြို့”ဆ” မြေကွက်သစ်အပိုင်း၌ ကျူးကျော်နေထိုင်သူများ ဖယ်ရှားပေးရန် ပထမဆုံးအကြိမ် သတိပေးစာပို့

တာချီလိတ်မြို့”ဆ” မြေကွက်သစ်အပိုင်း၌ ကျူးကျော်နေထိုင်သူများ ဖယ်ရှားပေးရန် ပထမဆုံးအကြိမ် သတိပေးစာပို့
စက်တင်ဘာ 22, 2020
By Tachileik News Agency
တာချီလိတ်မြို့ရှိ "ဆ" မြေကွက်သစ်အပိုင်း၌ ကျူးကျော်နေထိုင်သူများ ဖယ်ရှားပေးရန် ပထမဆုံးအကြိမ် သတိပေးစာပို့
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ မြို့ကွက်သစ်အပိုင်း(ဆ) မြေနေရာပေါ်တွင် ကျူးကျော်နေထိုင်သူများကို (၇) ရက်အတွင်း အပြီးဖယ်ရှားပေးရန် ပထမဆုံးအကြိမ် သတိပေးစာကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာ (၂၂) ရက်နေ့တွင် ပေးပို့ထားသည်။
“ရပ်/ကျေးကတော့ လုပ်နေတယ်။ ဥပဒေအကြံပေးအရ လက်ထောက်ကော်လိတ္တော်အရာရှိအနေနဲ့လုပ်တာ ပထမဆုံးအကြိမ်ပါ။ ရပ်/ကျေးကတော့ (၃) ကြိမ်ပေးပြီးသားပါ။ ကျွန်တော်က တရားစွဲရမှာဖြစ်တဲ့အတွက် ပထမဆုံးအကြိမ် စပို့တာပါ။ (၇) ရက် (၃) ကြိမ်ပေးသွားမယ်”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ မြေဧရိယာ (၁၁.၆၃) ဧကပေါ်ရှိ မြို့ကွက်သစ်အပိုင်း(ဆ) ပေါ်တွင် ကျူးကျော်ဆောက်လုပ်ထားသည့် နေအိမ် (၆) လုံးကို ဖယ်ရှားပေးရန်အတွက် ပူးပေါင်းအဖွဲ့ဖြင့် နို့တစ်စာပေးပို့ခဲ့ပြီး လိုက်နာမှုမရှိပါက ၁၈၈၉ ခုနှစ်၊ အထက်မြန်မာပြည် မြေနှင့် အခွန်စဉ်းမျဉ်းဥပဒေ၊ ပုဒ်မ (၂၅ - ဃ)နှင့် နည်းဥပဒေ(၆၉-၂)တို့အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်ရှိ မြေကွက်သစ် (ဆ) ကို တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရှမ်းပြည်နယ် အရှေ့ပိုင်း အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ခင်ဇော်က ၂၀၀၅ ခုနှစ်တွင် ခွင့်ပြုပေးထားခဲ့ခြင်းဖြစ်ပြီး ပေ (၄၀ x ၆၀) မြေကွက်ပေါင်း (၁၆၀) ကျော် ချထားပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~