မိုင်းဖြတ်တွင် ဆုံဆို့နာရောဂါကာကွယ်ဆေးအပါအဝင် အမှီလိုက်ကာကွယ်ဆေးကို သြဂုတ်လ (၂၉) ရက်နေ့၌ စုရပ် (၄)နေရာတွင် ထိုးနှံပေးမည်

မိုင်းဖြတ်တွင် ဆုံဆို့နာရောဂါကာကွယ်ဆေးအပါအဝင် အမှီလိုက်ကာကွယ်ဆေးကို သြဂုတ်လ (၂၉) ရက်နေ့၌ စုရပ် (၄)နေရာတွင် ထိုးနှံပေးမည်
သြဂုတ် 28, 2020
By 🌸
မိုင်းဖြတ်တွင် ဆုံဆို့နာရောဂါကာကွယ်ဆေးအပါအဝင် အမှီလိုက်ကာကွယ်ဆေးကို သြဂုတ်လ (၂၉) ရက်နေ့၌ စုရပ် (၄)နေရာတွင် ထိုးနှံပေးမည်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့တွင် ဆုံဆို့နာရောဂါကာကွယ်ဆေး အပါအဝင် အမှီလိုက်ကာကွယ်ဆေးထိုးခြင်း ဒုတိယနေ့အဖြစ် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၉)ရက်နေ့၌ စုရပ် (၄)နေရာတွင် ထိုးနှံပေးသွားမည်ဖြစ်သည်။
မိုင်းဖြတ်မြို့မှ အသက် (၁၅)နှစ်အောက် ကလေးများအနက်မှ  ကာကွယ်ဆေးထိုးနှံရန် လိုအပ်သည့် ကလေးများကို သြဂုတ်လ (၂၉)ရက်နေ့၌ ဈေးတန်းရပ်ကွက်ရုံး၊ ဝမ်မိုင်ရပ်ကွက် ဘုန်းတော်ကြီးကျောင်း၊ ဟိုနား(စောမွန်)ကျေးရွာ ဘုရားကျောင်းနှင့် ဝမ်ပုံကျေးရွာ ဘုန်းတော်ကြီးကျောင်းတို့တွင် စုရပ်သတ်မှတ် ထိုးနှံပေးသွားမည်ဖြစ်သည်။
မိုင်းဖြတ်မြို့တွင် အမှီလိုက်ကာကွယ်ဆေးထိုးခြင်း ပထမနေ့အဖြစ် သြဂုတ်လ (၂၈)ရက်နေ့က မြို့နယ်ပြည်သူ့ဆေးရုံ၊ ဝမ်ဟွေရပ်ကွက် ဘုန်းတော်ကြီးကျောင်း၊ ဝမ်နောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် တပ်တွင်းမိသားစုများမှ ကလေးများအတွက် အမှတ်(၁) တပ်မတော်ဆေးရုံ ကုတင်(၁၀၀)တွင် ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် ၂၀၂၀ ခုနှစ်အတွင်း ဆုံဆို့နာရောဂါ ကပ်ရောဂါဖြစ်ပွားမှုမှာ ကာကွယ်ဆေးထိုးနှံခြင်းမရှိသည့် ကလေးငယ်များ၊ ကာကွယ်ဆေး အကြိမ်ရေ မပြည့်သည့်ကလေးငယ်များ၌ ဖြစ်ပွားသည်ကို တွေ့ရသဖြင့် ဆုံဆို့နာရောဂါအပါအဝင် အခြားကာကွယ်ဆေးများပါ ပါဝင်သည့် ကာကွယ်ဆေးထိုးအစီအစဉ်ဖြင့် ထိုးနှံပေးနေခြင်းဖြစ်သည်။
အမှီလိုက်ကာကွယ်ဆေးထိုးအစီအစဉ်မှာ နိုင်ငံတော်က အခမဲ့ထိုးနှံပေးခြင်းဖြစ်ပြီး ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်ဖြင့် ကလေးငယ်များကို မွေးစမှ အသက်အရွယ်အလိုက် ကာကွယ်ဆေးထိုးပေးနေသူများတွင် ထပ်မံထိုးနှံရန် မလိုအပ်ကြောင်း သိရသည်။
ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်၊ အမှီလိုက်ကာကွယ်ဆေးထိုးအစီအစဉ်များမှာ ရပ်ကွက်၊ ကျေးရွာအလိုက် စုရပ်များကို ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့အကူအညီဖြင့် ကြေညာပြီး အခမဲ့ထိုးနှံပေးခြင်းဖြစ်သည်။
Tachileik News Agency
သတင်၊ ဓာတ်ပုံ - ကိုသာ

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~