လိုင်စင်မဲ့ဆိုင်ကယ်များ လိုင်စင်လျှောက်ထားခြင်းအပါအဝင် ကညနလုပ်ငန်းအားလုံးကို စက်တင်ဘာလ (၁၄) ရက်နေ့မှစ၍ ယာယီရပ်ဆိုင်း

လိုင်စင်မဲ့ဆိုင်ကယ်များ လိုင်စင်လျှောက်ထားခြင်းအပါအဝင် ကညနလုပ်ငန်းအားလုံးကို စက်တင်ဘာလ (၁၄) ရက်နေ့မှစ၍ ယာယီရပ်ဆိုင်း
စက်တင်ဘာ 14, 2020
By Tachileik News Agency
လိုင်စင်မဲ့ဆိုင်ကယ်များ လိုင်စင်လျှောက်ထားခြင်းအပါအဝင် ကညနလုပ်ငန်းအားလုံးကို စက်တင်ဘာလ (၁၄) ရက်နေ့မှစ၍ ယာယီရပ်ဆိုင်း
လိုင်စင်မဲ့ဆိုင်ကယ်များ လိုင်စင်လျှောက်ထားခြင်း အပါအဝင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဝန်ဆောင်မှုလုပ်ငန်းများ အားလုံးကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်နေ့မှစ၍ ခေတ္တရပ်ဆိုင်းထားသည့် ကာလအတွက် ရက်လွန်ဒဏ်ကြေးများ အပါအဝင် လုပ်ငန်းပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ နစ်နာမှုမရှိစေရန် ဖြေလျော့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ဆိုင်ကယ်လိုင်စင်လျှောက်တာ၊ မော်တော်ယာဉ် သက်တမ်းတိုးတာ၊ ယာဉ်မောင်းလိုင်စင်လုပ်တာကအစ လုပ်ဆောင်မှုအားလုံးကို ခေတ္တရပ်ဆိုင်းထားပါတယ်။   ရန်ကုန်၊ မန္တလေးက COVID 19 ဖြစ်တာကများနေတော့ ကျွန်တော်တို့ဌာနအနေနဲ့ လုပ်ငန်းအားလုံး ခေတ္တရပ်ဆိုင်းလိုက်တာပါ”ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ တာချီလိတ်ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ(၁၄)ရက်နေ့တွင် ပြောသည်။
COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများအားလုံး၏ ဝန်ဆောင်မှုလုပ်ငန်းများကို စက်တင်ဘာလ (၁၄)ရက်နေ့မှစ၍ ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ပြီး အခြေအနေတည်ငြိမ်မှသာ ပုံမှန်ဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည်လက်ခံဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာထားသည်။
ယင်းကဲ့သို့ ဝန်ဆောင်မှုလုပ်ငန်းများ ခေတ္တရပ်ဆိုင်းထားသည့် ကာလအတွက် ကနဦးမှတ်ပုံတင်ယာဉ်များ၏ ရက်လွန်ဒဏ်ကြေး၊ သက်တမ်းတိုးမော်တော်ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်များ၏ သက်တမ်းလွန်ဒဏ်ကြေးများအပါအဝင် လုပ်ငန်းဆိုင်ရာများအား အများပြည်သူထိခိုက်နစ်နာမှုမရှိစေရန် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သုံးသပ်စိစစ်ဖြေလျှော့ ဆောင်ရွက်ပေးသွားမည်ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
Covid-19 ကာကွယ်ရေးအတွက် မြန်မာတစ်နိုင်ငံလုံးရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)၏ လုပ်ငန်းများကို ယာယီရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် စက်တင်ဘာလ (၁၄)ရက်နေ့ နံနက်ပိုင်း ဓာတ်ခွဲအဖြေထုတ်ပြန်ပြီးသည်အထိ အတည်ပြုလူနာ (၃,၀၁၅)ဦး ရှိပြီဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~