တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတားတွင် ယာဉ်စီးရေအကန့်အသတ်ဖြင့် ကုန်သွယ်မှုစတင်

တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတားတွင် ယာဉ်စီးရေအကန့်အသတ်ဖြင့် ကုန်သွယ်မှုစတင်
စက်တင်ဘာ 17, 2020
By Tachileik News Agency
တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတားတွင် ယာဉ်စီးရေအကန့်အသတ်ဖြင့် ကုန်သွယ်မှုစတင်
တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၂)တံတားတွင် နှစ်နိုင်ငံ ကုန်တင်ယာဉ်စီးရေ ကန့်သတ်မှုဖြင့် ကုန်သွယ်မှုကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့တွင် စတင်နေပြီဖြစ်သည်။
ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက် တာဝန်ရှိသူများက တာချီလိတ်ဘက်မှ ကုန်တင်ယာဉ်မောင်းများအား စက်တင်ဘာလ (၁၇)ရက်နေ့မှစ၍ မယ်ဆိုင်မြို့အဝင်၌ ထိုင်းယာဉ်မောင်းများနှင့်လဲကာ မောင်းနှင်စေပြီး မြန်မာ မော်တော်ယာဉ် (၆) စီးကိုသာ မယ်ဆိုင်ဘက်ဝင်ခွင့်ပြုသဖြင့် တာချီလိတ်ဘက်ကလည်း ထိုင်းကုန်တင်ယာဉ် (၆)စီးကိုသာ ပြန်လည်ခွင့်ပြုလိုက်ပြီး တာချီလိတ်အဝင်တွင် ယာဉ်မောင်းကို လဲလှယ်စေသည့်စနစ်ဖြင့် စတင်လိုက်ခြင်းဖြစ်သည်။
မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂)တွင် နှစ်နိုင်ငံ ကုန်တင်ယာဉ်များ အကန့်အသတ်ဖြင့် စတင်ခွင့်ပြုသည့် စက်တင်ဘာလ (၁၇)ရက်နေ့တွင် နံနက်တံတားစဖွင့်သည့် မြန်မာစံတော်ချိန် နံနက် (၆)နာရီအချိန်၌ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်မှ တာချီလိတ်မြို့သို့လာရောက်မည့် ကုန်တင်ယာဉ်အများအပြား မယ်ဆိုင်ဘက်၌ တန်းစီနေကြသော်လည်း တာချီလိတ်ဘက်သို့ ပထမဆုံး ဝင်လာသည့် ကုန်တင်ယာဉ် (၆)စီးသာ ဝင်ခွင့်ရခဲ့ခြင်းဖြစ်သည်။
မယ်ဆိုင်ဘက်မှ တာချီလိတ်ဘက်သို့ ဝင်ခွင့်ရသည့် ကုန်တင်ယာဉ် (၆)စီးက ကုန်စည်များကို ခေါက်ပြန်သယ်ပေးနေကြပြီး တာချီလိတ်ဘက်မှ မယ်ဆိုင်ဘက်သို့ ဝင်ခွင့်ပြုထားသည့် မြန်မာကုန်တင်ယာဉ် (၆)စီးအနက် (၃)စီးသာ ကုန်သွားသယ်ခဲ့ကြသည်ကို တွေ့ရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~