ကျိုင်းတုံမြို့ရှိ ဝမ်တာပုံပူးပေါင်း စစ်ဆေးရေးစခန်းတွင် မူးယစ်ဆေးဝါးများ ဖမ်းမိ

ကျိုင်းတုံမြို့ရှိ ဝမ်တာပုံပူးပေါင်း စစ်ဆေးရေးစခန်းတွင် မူးယစ်ဆေးဝါးများ ဖမ်းမိ
သြဂုတ် 24, 2020
By Tachileik News Agency
ကျိုင်းတုံမြို့ရှိ ဝမ်တာပုံပူးပေါင်း စစ်ဆေးရေးစခန်းတွင် မူးယစ်ဆေးဝါးများ ဖမ်းမိ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်အတွင်းရှိ ဝမ်တာပုံပူးပေါင်းစစ်ဆေးရေးစခန်းတွင် မိုင်းခတ်မြို့ဘက်မှ ကျိုင်းတုံမြို့ဘက်သို့ လာသည့် မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာက မူးယစ်ဆေးဝါးဖြစ်သည့် Methamphetamine ( အိုက်စ်) ကီလို (၄၀)ကို ဖမ်းဆီးရမိကြောင်း သိရသည်။
ကျိုင်းတုံမြို့၊ ဝမ်တာပုံပူးပေါင်းစစ်ဆေးစခန်းတွင် ၂၀၂၀ခုနှစ် ဩဂုတ်လ(၂၃)ရက်နေ့ နေ့လည်ပိုင်းက ပူးပေါင်းအဖွဲ့ဖြင့် ယာဉ်သွားယာဉ်လာများအား ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေစဉ် မိုင်းခတ်မြို့ဘက်မှ ကျိုင်းတုံမြို့ဘက်သို့ လာသည် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာက ယာဉ်အတွင်း ဝှက်၍ သယ်ဆောင်လာသည့် Methamphetamine ( အိုက်စ်) ကီလို (၄၀)ကို တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်တွင် ပါဝင်သည့် အသက်(၃၁)နှစ်ရှိ ယာဉ်မောင်း စိုင်းမြအောင် နှင့် ယာဉ်တွင် လိုက်ပါလာသည့် အသက်(၃၁)နှစ်ရှိ နန်းနမ်(ခ)နန်းနစ် နှင့် အသက်(၁၈)နှစ်ရှိ အိုက်နွန်းတို့အား ဖမ်းဆီးစစ်ဆေးပြီး ဆက်လက်ဖော်ထုတ်ချက်အရ အိုက်နွန်း၏   နေအိမ်သို့ သွားရောက် ရှာဖွေစစ်ဆေးရာ နေအိမ်တွင်းမှ ဆေးခြောက်အလေးချိန် (၃၅၀)ဂရမ်ကိုလည်း ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။ 
မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက် ၎င်းတို့ (၃)ဦးအား ကျိုင်းတုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးနေလျက်ရှိကြောင်း သိရှိရသည်။
  Tachileik News Agency
ဓါတ်ပုံ - မူးယစ်ရဲတပ်ဖွဲ့
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~