မိုင်းယောင်းနှင့် မိုင်းယုမှ ငါးမွေးတောင်သူ (၁၅၀) ကျော်အား COVID 19 ကာလ စီးပွားရေးပြန်လည်ထူထောင်ရေးအတွက် ငါးကောင်ရေ (၂)သိန်းကျော် ပံ့ပိုး

မိုင်းယောင်းနှင့် မိုင်းယုမှ ငါးမွေးတောင်သူ (၁၅၀) ကျော်အား COVID 19 ကာလ စီးပွားရေးပြန်လည်ထူထောင်ရေးအတွက် ငါးကောင်ရေ (၂)သိန်းကျော် ပံ့ပိုး
သြဂုတ် 31, 2020
By 🌸
မိုင်းယောင်းနှင့် မိုင်းယုမှ ငါးမွေးတောင်သူ (၁၅၀) ကျော်အား COVID 19 ကာလ စီးပွားရေးပြန်လည်ထူထောင်ရေးအတွက်  ငါးကောင်ရေ (၂)သိန်းကျော် ပံ့ပိုး
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းမြို့မှ ငါးမွေးတောင်သူ (၁၄၅) ဦးနှင့် မိုင်းယုမြို့မှ ငါးမွေးတောင်သူ (၁၀) ဦးတို့အား COVID 19 ကာလစီးပွားရေးပြန်လည်ထူထောင်ရေး အစီအစဉ်အရ ပံ့ပိုးပေးသည့် ငါးသားပေါက် ကောင်ရေ (၂)သိန်းကျော်ကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၃၀)ရက်နေ့၌ ပေးအပ်သည်။
၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ်တွင် ငါးမွေးမြူခြင်းဆိုင်ရာ လိုင်စင်ခွန်ပေးဆောင်ခဲ့သည့် ငါးမွေးတောင်သူများအား ငါးသားပေါက်များ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၏ COVID 19 ကာလ စီးပွားရေးပြန်လည်ထူထောင်ရေးအစီအစဉ် (COVID-19 Economic Relief Plan) အရ ငါးသားပေါက်များ ထောက်ပံ့နေခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းယောင်းနှင့် မိုင်းယုတို့မှ ငါးမွေးတောင်သူများအား သြဂုတ်လ (၃၀) ရက်နေ့ ညနေပိုင်းက မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ခေါ်ယူပြီး နိုင်ငံတော်က ထောက်ပံ့သည့် ငါးသားပေါက် ကောင်ရေ (၂)သိန်းကျော်ကို ပေးအပ်ခြင်းဖြစ်သည်။
ငါးမွေးကန် တစ်ဧကလျှင် ဆလားဗီးယားမျိုး ငါးသားပေါက်ကောင်ရေ (၁၀၀၀) နှုန်းဖြင့် ငါးမွေးကန်ဧကပေါင်း ၂၄၂ ဒသမ ၈ ဧကအတွက် ငါးသားပေါက်ကောင်ရေ စုစုပေါင်း (၂၄၂၈၀၀) အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် တာချီလိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးစန်းမောင်ဦးတို့က ငါးမွေးတောင်သူများထံ ပေးအပ်ခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
သတင်း၊ ဓာတ်ပုံ - အားချာ

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~