ဘာသာကူးပြောင်းလာသည့် အဲန်းလူမျိုး (၇၀)ကျော်ကို တာချီလိတ်တွင် စုပေါင်း ရှင်ပြုပေးမည်

ဘာသာကူးပြောင်းလာသည့် အဲန်းလူမျိုး (၇၀)ကျော်ကို တာချီလိတ်တွင် စုပေါင်း ရှင်ပြုပေးမည်
ဇန်နဝါရီ 24, 2020
By Tachileik News Agency

 တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

ဘာသာကူးပြောင်းလာသည့် အဲန်းလူမျိုး (၇၀)ကျော်ကို တာချီလိတ်တွင် စုပေါင်း ရှင်ပြုပေးမည်

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းခတ်မြို့နယ် မိုင်းညှင်းဒေသက အဲန်လူမျိုး (၇၀) ကျော်ကို ဘာသာကူးပြောင်းချင်းဆိုင်ရာ ဥပဒေနဲ့အညီ အဲန်နတ်ဆရာတွေရှေ့မှာ တရားဝင် သဘောထားခံယူပြီးဖြစ်လို့ ဗုဒ္ဓဘာသာကူးပြောင်းဖို့ လက်ခံလိုက်တယ်လို့ တာချီလိတ်မြို့ ဝေဠုဝန်ကျောင်းတိုက် ဆရာတော်က မိန့်ကြားပါတယ်။

ဘာသာပြောင်းလာသူတွေထဲက ယောကျ်ားလေး (၇၀)ကျော်ကို တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်မှာရှိတဲ့ ဝေဠုဝန်ကျောင်းတိုက်မှာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၂၆) ရက်နေ့မှာ ရှင်ပြုအလှူကျင်းပသွားမှာဖြစ်ပါတယ်။

အဲန်တိုင်းရင်းသားကျေးရွာတွေမှာ ဗုဒ္ဓဘာသာကူးပြောင်းလာသူတွေလည်းရှိတာကြောင့် ဘုန်းတော်ကြီးကျောင်းတွေ ဆောက်လုပ်ပေးတာတွေလည်း လုပ်ဆောင်ပေးထားတယ်လို့ သိရပါတယ်။

အဲန်တိုင်းရင်းသားတွေက ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ ကျိုင်းတုံမြို့နယ်အတွင်း နေထိုင်ကြပြီး အများစုက နတ်ကိုးကွယ်ကြတာဖြစ်ပါတယ်။

ရှင်ပြုအလှူသို့ ပါဝင်လှူဒါန်းလိုသူများအနေဖြင့် ဝေဠုဝန်ကျောင်းတိုက်သို့ လည်းကောင်း၊ ဖုန်း ၀၉ ၂၆၅၀၄၂၅၀၃ ၊ ၀၉၅၂၄၂၄၁၀ သို့လည်းကောင်း ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~