ကယားပြည်နယ်အတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ (၂၁၂)ဦးရှိနေ

ကယားပြည်နယ်အတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ (၂၁၂)ဦးရှိနေ
သြဂုတ် 19, 2020
By Tachileik News Agency

 

ကယားပြည်နယ်အတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ (၂၁၂)ဦးရှိနေ
ကယားပြည်နယ်အတွင်းမှာ ရှားတောမြို့နယ်ကလွဲပြီး ကျန်တဲ့ မြို့နယ်တွေမှာတော့ သွေးလွန်တုပ်ကွေး ဖြစ်ပွားနေပြီး (၈)လတာ ကာလအတွင်း ရောဂါဖြစ်ပွားသူ အရေအတွက်ဟာ (၂၁၂)ဦး ရှိနေတယ်လို့ သိရပါတယ်။
အခုလို ကယားပြည်နယ်တွင်းမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု အခြေအနေများကို ပြည်နယ် ကျန်းမာရေးမှူး ဒေါက်တာဌေးလွင်က ၂၀၂၀ ခုနှစ် သြဂုတ်လ (၁၇) ရက်နေ့မှာ အခုလိုရှင်းပြထားပါတယ်။
ကယားပြည်နယ်တွင်း ၂၀၂၀ ခုနှစ်မှာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုက ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကထက် များလာတယ်ဆိုပေမဲ့လည်း ၂၀၁၇ လောက်က ဖြစ်ပွားခဲ့တဲ့ နှုန်းလောက် မရှိကြောင်း ဒေါက်တာအောင်သူထက်က အခုလို ရှင်းပြပါတယ်။
 
လက်ရှိမှာတော့ ကယားပြည်နယ်မှာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု အရေအတွက်ဟာ (၂၁၂)ဦးရှိအထိ ရှိပေမဲ့လည်း အသက်သေဆုံးတာတွေတော့ မရှိသေးဘူးလို့ သိရပါတယ်။၊
Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဆန်းဖြိုးထွန်း

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~