ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့တွင် ဆုံဆို့နာရောဂါ ဖြစ်ပွားသူ (၃၃) ဦးထိ တိုးလာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့တွင် ဆုံဆို့နာရောဂါ ဖြစ်ပွားသူ (၃၃) ဦးထိ တိုးလာ
သြဂုတ် 31, 2020
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့တွင် ဆုံဆို့နာရောဂါ ဖြစ်ပွားသူ (၃၃) ဦးထိ တိုးလာ 
ဆုံဆို့နာကပ်ရောဂါအသွင်ဖြစ်ပွားလျက်ရှိသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသရှိ မိုင်းဆတ်မြို့၌ ၂၀၂၀ ခုနှစ် ဩဂုတ်လ(၂၆) ရက်နေ့မှ သြဂုတ်လ (၃၁)ရက်နေ့ နံနက်ပိုင်းအထိ ဆုံဆို့နာရောဂါဖြစ်ပွားသူ(၁၃)ဦး ထပ်မံတွေ့ရသဖြင့် ဆုံဆို့နာရောဂါဖြစ်ပွားသူ (၃၃)ဦးအထိရှိလာပြီဖြစ်ပြီး ကျန်းမာရေးဌာနက ဆုံဆို့နာကာကွယ်ဆေး အပါအဝင် အမှီလိုက် ကာကွယ်ဆေးထိုးခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးနေသည်။
မိုင်းဆတ်မြို့တွင် ဩဂုတ်လ(၂၅)ရက်နေ့အထိ ရပ်ကွက်(၂)ရပ်ကွက်နှင့် ကျေးရွာ(၇)ရွာတို့တွင် ဆုံဆို့နာ ရောဂါဖြစ်ပွားသူ(၂၀)ဦးရှိခဲ့ရာမှ ဩဂုတ်လ(၂၆)ရက်နေ့မှစ၍ ရပ်ကွက်(၂)ရပ်ကွက်နှင့်  ကျေးရွာ(၃)ရွာတို့တွင် ရောဂါဖြစ်ပွားသူ(၁၃)ဦးထပ်တိုးလာခဲ့သဖြင့် စုစုပေါင်း ရပ်ကွက် (၄)ခုနှင့် ကျေးရွာ(၁၀)ရွာတို့တွင် ဆုံဆို့နာရောဂါဖြစ်ပွားသူ(၃၃)ဦးထိ ရှိပြီဖြစ်သည်။
ထပ်တိုးလာသည့် ဆုံဆို့နာရောဂါဖြစ်ပွားသူများတွင် အသက်(၅)နှစ်မှ အသက်(၅၆)နှစ်အတွင်းဖြစ်ကြောင်း သိရသည်။
ဆုံဆို့နာရောဂါဖြစ်ပွားသူတွေ့ရှိရသည့် ရပ်ကွက်/ကျေးရွာများတွင် ကျန်းမာရေးဌာနမှ ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံ၊ တိုက်ကျွေးခြင်းကိုလည်း ဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။
Tachileik News Agency
သတင်း၊ဓာတ်ပုံ - သန်းဇော် 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~