ရှမ်းပြည်(မြောက်ပိုင်း) နမ့်ဆန်မြို့တွင် လမ်းဘေး၌ ဇယ်တောက်နေသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် (၅)ချက် ပစ်ခတ်ခံရ

ရှမ်းပြည်(မြောက်ပိုင်း) နမ့်ဆန်မြို့တွင် လမ်းဘေး၌ ဇယ်တောက်နေသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် (၅)ချက် ပစ်ခတ်ခံရ
စက်တင်ဘာ 15, 2020
By Tachileik News Agency

 

ရှမ်းပြည်(မြောက်ပိုင်း) နမ့်ဆန်မြို့တွင် လမ်းဘေး၌ ဇယ်တောက်နေသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် (၅)ချက် ပစ်ခတ်ခံရ
ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ဆန်မြို့တွင် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်နေ့ မွန်းလွဲပိုင်းက လမ်းမဘေး ဇယ်တောက်ခုံတွင် ဇယ်တောက်နေသည့်  အသက် (၂၉)နှစ်အရွယ် အမျိုးသားတစ်ဦးကို လမ်းမပေါ်ကနေ သေနတ်ဖြင့် (၅)ချက် ပစ်ခတ်သွားကြောင်း သိရသည်။
နမ့်ဆန်မြို့၊ မင်္ဂလာရပ်ကွက်ရှိ လမ်းမကြီးဘေး ဇယ်တောက်ခုံတွင် သေနတ်ပစ်ခံရသည့် အသက် (၂၉)နှစ်အရွယ် ခိုင်ဝင်း အပါအဝင် အမျိုးသား (၄)ဦး ဇယ်တောက်ကစားနေကြစဉ် အမျိုးသား (၂)ဦးလိုက်ပါလာသည့် ဆိုင်ကယ်တစ်စီးက ဇယ်တောက်ခုံအကျော်တွင် ပြန်ကွေ့လာကာ ဆိုင်ရှေ့၌ရပ်ကာ ခိုင်ဝင်းအား သေနတ်ဖြင့် (၅)ချက် ပစ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပစ်ခတ်မှုကြောင့် ခိုင်ဝင်းမှာ ရင်ညွန့်၊ ချက်အောက်၊ ပေါင်နှင့် ခြေသလုံးတို့တွင် ဒဏ်ရာများရသွားကာ စိုးရိမ်ရသည့်အခြေအနေဖြင့် နမ့်ဆန်ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေရာမှ လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူနေရကြောင်း သိရသည်။
အခင်းဖြစ်နေရာအား ရဲတပ်ဖွဲ့က စစ်ဆေးပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency

သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~