သင်သိပါသလား……

သင်သိပါသလား……
သြဂုတ် 27, 2020
By Tachileik News Agency
သင်သိပါသလား……
သင်နှင့် သင့်ပတ်ဝန်းကျင် COVID 19 ကူးစက်ခံရခြင်း မရှိစေရန် လိုက်နာဆောင်ရွက်ရမည့် အချက်များက ဘာတွေလဲ ဆိုတာ..
သင်နှင့် သင့်ပတ်ဝန်းကျင် COVID 19 ကူးစက်ခံရခြင်း မရှိစေရန် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီက သတိပေးနှိုးဆော်ထားပါတယ်။
🔘 တတ်နိုင်သမျှ မိမိအိမ်တွင် နေပါ။
🔘 လူစုလူဝေးဖြစ်ရာနေရာများကို မလိုအပ်ဘဲ (လုံးဝ) မသွားပါနဲ့။
🔘 တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်သွားလာကြပါ။ ဖြစ်နိုင်ရင် အနည်းဆုံး (၆)ပေအကွာလောက်ကနေ နေထိုင်ပြောဆိုဆက်ဆံကြပါ။
🔘 အပြင်ထွက်တိုင်း ပါးစပ်နဲ့ နှာခေါင်းစည်း (Mask) စတစ်တကျ တပ်ဆင်ပါ။
🔘 ဗိုင်းရပ်စ်ကပ်နေနိုင်တာကြောင့် လက်နဲ့ မျက်စိ၊ နား၊ နှာခေါင်းတို့ကို ထိတွေ့ခြင်းရှောင်ပါ။ လက်ကို ဆပ်ပြာနဲ့ မကြာခဏ ဆေးကြောပါ။
🔘 နိုင်ငံခြားမှ ပြန်လာသူတိုင်း ပြန်လာသူတိုင်း သီးခြားနေထိုင်စေပြီး အခမဲ့ ဓာတ်ခွဲစမ်းသပ်စစ်ဆေးပေးခြင်းလုပ်ငန်းစဉ်အား အပြည့်အဝ ပူးပေါင်း ကာကွယ်ကြရန်။
🔘 ရောဂါအတည်ပြုလူနာနှင့် ဆက်စပ်ထိတွေ့သူများ၊ သံသယရောဂါလက္ခဏာရှိသူများ နီးစပ်ရာ ကျန်းမာရေးဌာန (သို့မဟုတ်) အုပ်ချုပ်ရေးမှူးရုံးသို့ အမြန်ဆုံးသတင်းပို့ကြပါ။
🔘 အတည်ပြုလူနာနှင့် ဆက်စပ်ထိတွေ့သူများကို ရှာဖွေဖေါ်ထုတ်ရာတွင် အပြည့်အဝ ပူးပေါင်းပါဝင်ကြပါ။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~