ကျောက်မဲမြို့ရှိ ဗဟိုဈေးအား အလှည့်ကျမဟုတ်တော့ဘဲ Covid-19 ကာကွယ်ရေး အစီအစဉ်များဖြင့် ဩဂုတ်လ(၂၃)ရက်နေ့က စ၍ ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်မည်

ကျောက်မဲမြို့ရှိ ဗဟိုဈေးအား အလှည့်ကျမဟုတ်တော့ဘဲ Covid-19 ကာကွယ်ရေး အစီအစဉ်များဖြင့် ဩဂုတ်လ(၂၃)ရက်နေ့က စ၍ ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်မည်
သြဂုတ် 21, 2020
By Tachileik News Agency
ကျောက်မဲမြို့ရှိ ဗဟိုဈေးအား အလှည့်ကျမဟုတ်တော့ဘဲ Covid-19 ကာကွယ်ရေး အစီအစဉ်များဖြင့် ဩဂုတ်လ(၂၃)ရက်နေ့က စ၍ ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်မည်
Covid-19 ကူးစက်ရောဂါဖြစ်ပွားနေသည့်အတွက် ဇူလိုင်လ ၁ ရက်နေ့ကစ၍ တစ်ခြမ်းဆီဖွင့်လှစ်စေခဲ့သော ကျောက်မဲဗဟိုဈေးကို ဩဂုတ်လ ၂၃ ရက်နေ့တွင် Social Distance စနစ်နှင့်ကိုဗစ်ရောဂါကာကွယ်ရေး အစီအစဥ◌်များဖြင့် ညွှန်ကြားချက်အသစ်မထွက်မခြင်း တစ်ဈေးလုံး ပုံမှန်အတိုင်း ဖွင့်လှစ်ခွင့်ပေးသွားတော့မည်ဟု ကျောက်မဲမြို့နယ် စည်ပင်သာယာရေးဌာန တာဝန်ရှိသူထံက သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ရှိ ဗဟိုဈေးအား Covid-19 ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ ဈေးတစ်ခြမ်းစီ အလှည့်ကျ ဖွင့်လှစ်နေရာမှ Covid-19 ကာကွယ်ရေး  Social Distance  စနစ် အစီအစဉ်များဖြင့် ဩဂုတ်လ(၂၃)ရက်နေ့က စ၍ တစ်ဈေးလုံး ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
“Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှုနည်းပါးစေဖို့ ဗဟိုဈေးကို တောင်ဘက်နဲ့ မြောက်ဘက် နှစ်ပိုင်းခွဲပြီး ပြက္ခဒိန် စုံဂဏန်းရက်နဲ့ မဂဏန်းရက်ဆိုပြီး ခွဲဖွင့်စေထားတာပါ၊ ဒီနေ့က ၂၁ ရက် မဂဏန်းရက်မှာဖွင့်တဲ့ ဆိုင်တွေက ဆိုင်ခန်းရှင်တွေကိုတွေ့ဆုံပြီး Covid-19 ကာကွယ်ရေးအတွက် နှာခေါင်းစည်း(Mask)တပ်ဖို့၊ ဆိုင်တွေမှာ လက်ဆေးကန်တွေ Hand Gel တွေထားဖို့၊ တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာနေကြဖို့ စတဲ့ လိုအပ်တာတွေကို မှာကြားပြီး သူတို့ကလဲ လိုက်နာပါ့မယ်ဆိုတဲ့ ဝန်ခံကတိပေးရတာပေါ့၊ မနက်ဖြန် စုံဂဏန်းရက်မှာဖွင့်တဲ့ ဆိုင်တွေကိုလဲ အဲ့လို သဘောတူညီမှုရပြီးတာနဲ့ (၂၃)ရက်နေ့ကျရင် အားလုံးကို ပေးဖွင့်တော့မှာဖြစ်ပါတယ်။ Covid-19 နဲ့ ပတ်သက်တဲ့ ညွှန်ကြားချက်တစ်စုံတစ်ခု ထပ်ထွက်လာရင်တော့ အခြေအနေဘယ်လိုရှိမလဲ မသိရသေးဘူးပေါ့” ဟု ကျောက်မဲမြို့စည်ပင်သာယာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်ဦးက ဩဂုတ်(၂၁)ရက်တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဗဟိုဈေးအတွင်း ဖွင့်လှစ်ရောင်းချသည့် ဈေးဆိုင်ခန်းမှ ဈေးသည်များ အပါအဝင် ဈေးဝယ်သူများကိုလဲ နှာခေါင်းစည်း(Mask)များ တပ်ဆင်နေထိုင်ရန် ညွှန်ကြားထားပြီး ဈေးသို့ ဝင်ရောက်မည်ဆိုပါက အပူချိန်တိုင်းတာခြင်းတို့ကို လုပ်ဆောင်မည်ဖြစ်ကာ သတ်မှတ်ချက်များကို မလိုက်နာသော ဈေးဆိုင်များကို သင့်လျော်သည့် ကန့်သတ်ချက်များ ထားရှိသွားမည်ဟု သိရသည်။
ကျောက်မဲဗဟိုဈေးအား  ရာနှုန်းပြည့် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တာဝန်ရှိသည့် အဖွဲ့များဖြစ်သည့် မြို့နယ် Covid-19 ကူးစက်ရောဂါ တားဆီး ထိမ်းချုပ်ရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့မိမြို့ဖများ အပါအဝင် ဈေးမိဈေးဖများ အကြိမ်ကြိမ်ဆွေးနွေးမှုများပြုလုပ်ကာ သက်ဆိုင်ရာ အဆင့် ဆင့်သို့ တင်ပြပြီးမှ ဩဂုတ်လ (၂၃)ရက်တွင် ရာနှုန်းပြည့် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ကျောက်မဲမြို့ရှိ ညဈေတန်းအား  မတ်လ (၂၉)ရက်နေ့ကတည်းက ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ကျောက်မဲမြို့နယ်အတွင်းရှိ (၅)ရက်တစ်ဈေးများကိုလည်း ဖွင့်လှစ်ခွင့်ကန့်သတ်ထားဆဲဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~