အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ရှမ်းပြည်နယ်အတွင်း မဲဆန္ဒနယ်(၃)နေရာတွင် ဝင်ရောက် ယှဉ်ပြိုင်မည်

အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ရှမ်းပြည်နယ်အတွင်း မဲဆန္ဒနယ်(၃)နေရာတွင် ဝင်ရောက် ယှဉ်ပြိုင်မည်
သြဂုတ် 11, 2020
By Tachileik News Agency

အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ရှမ်းပြည်နယ်အတွင်း မဲဆန္ဒနယ်(၃)နေရာတွင် ဝင်ရောက် ယှဉ်ပြိုင်မည်

၂၀၂၀ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်း၌ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ( ANDP )က မဲဆန္ဒနယ်(၃)နေရာတွင် ပါဝင်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားကြောင်း သိရသည်။

အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ( ANDP )မှ ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်(၃)နေရာတွင် အာခါတိုင်းရင်းသားလူမျိုးကိုယ်စားလှယ်လောင်းအဖြစ် ဦးအာဗေလမှ လည်းကောင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း မိုင်းခတ်မြို့နယ်၏ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၁)တွင် ဦးအားထူယာမှ လည်းကောင်း၊ မိုင်းယောင်းမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၁)တွင် ဦးဂျောလေမှ လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင် ကြမည်ဖြစ်သည်။

အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ( Akha National Development Party - ANDP )သည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည့် ပါတီတစ်ခုဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~