ကျိုင်းတုံမြို့တွင်း ရေပေးဝေနေသည့် နမ့်ကွီရေယူတမံတွင် တစ်နှစ်လျှင် (၃)ကြိမ် သဲနှုံးပိတ်မှုဆယ်နေရခြင်းကို လျှော့ချရန် နှုံးစစ်ကန်တည်ဆောက်မည်

ကျိုင်းတုံမြို့တွင်း ရေပေးဝေနေသည့် နမ့်ကွီရေယူတမံတွင် တစ်နှစ်လျှင် (၃)ကြိမ် သဲနှုံးပိတ်မှုဆယ်နေရခြင်းကို လျှော့ချရန် နှုံးစစ်ကန်တည်ဆောက်မည်
ဇူလိုင် 7, 2020
By 🌸
ကျိုင်းတုံမြို့တွင်း ရေပေးဝေနေသည့် နမ့်ကွီရေယူတမံတွင် တစ်နှစ်လျှင် (၃)ကြိမ် သဲနှုံးပိတ်မှုဆယ်နေရခြင်းကို လျှော့ချရန် နှုံးစစ်ကန်တည်ဆောက်မည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင်း အဓိကရေပေးဝေနေသည့် နမ့်ကွီရေယူတမံတွင် မိုးတွင်းကာလ တောင်ကျချောင်းရေများကြောင့် သဲနှုန်းများပို့ချ၍ ရေသွယ်ပိုက်များ ပိတ်ဆို့မှုဖြစ်ပွား၍ တစ်နှစ်လျှင် (၃)ကြိမ် နှုံးဆယ်နေရ၍ နှု ံး စစ်ကန်တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

"အထက်မှာ နှုံးစစ်ကန်လေးလုပ်ဖို့ရှိပါတယ်။ ကုန်ကျစရိတ်တွက်ချက်နေတုန်းပေါ့။ နှုံးစစ်ကန်လေးတည်ဆောက်ပြီးသွားရင် အဆင်ပြေသွားမယ်ပေါ့။ လက်ရှိတော့ သန့်ရှင်းရေး ပုံမှန်လုပ်ပေးနေရတာပေါ့"

ဟု ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ကျိုင်းတုံမြို့နှင့် (၁၁) မိုင်ခန့်ကွာဝေးသည့် နမ့်ကွီရေထွက်မှရေကို ရေစစ်ကန်များဖြင့်သန့်စင်ပြီးမှ မြို့တွင်းသို့ ရေပေးဝေနေရာ မိုးတွင်းကာလများ၌ တောင်ကျချောင်းရေများကြောင့် သဲနှုန်းများပို့ချကာ ပိတ်ဆို့မှုဖြစ်ပွားတတ်သဖြင့် နှစ်စဉ် လုပ်သား (၁၀) ဦးခန့်ဖြင့် အနည်းဆုံး (၃) ကြိမ်ခန့် သန့်ရှင်းရေးပြုလုပ်နေရကြောင်း သိရသည်။

Tachileik News Agency
သတင်း -ဟန်စိုးထိုက်
ဓာတ်ပုံ - ကျိုင်းတုံစည်ပင်သာယာရေးကော်မတီ


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~