ကယားပြည်နယ်အတွင်းတိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဘက် အောက်ခြေစစ်သားများ ကြောက်လန့်ပြီး လက်နက်ပစ်ချ စွန့်ခွာထွက်ပြေးမှုများရှိကြောင်း KNDF က သတင်းထုတ်ပြန်

ပုံအညွှန်း - ၂၉.၈.၂၀၂၁ ရက်နေ့ တိုက်ပွဲတွင် KA၊ KNDF တို့မှ သိမ်းဆည်းရမိခဲ့သည့် အာဏာသိမ်းစစ်ကောင်စီ၏ စစ်သုံးပစ္စည်းများ

သြဂုတ် 29, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်လင်လေးမြို့အနီးတဝိုက်တွင် အာဏာသိမ်း စစ်ကောင်စီတပ်က ထိုးစစ်ဆင်မှုများ ပြုလုပ်နေသော်လည်း အောက်ခြေစစ်သားများမှာ တိုက်ပွဲအတွင်း ကြောက်လန့်ပြီး လက်နက်ပစ်ချ စွန့်ခွာထွက်ပြေးမှုများရှိကြောင်း KNDF ၏ သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ဩဂုတ်လ(၂၉)ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်လာသည်။

လွိုင်လင်လေးမြို့နယ်အတွင်း ဒေါတဟေးကျေးရွာအနီးတွင် အာဏာသိမ်းစစ်ကောင်စီတပ် နှင့် ကရင်နီတပ်မတော်(KA)၊ KNDF တို့ ပူးပေါင်းအဖွဲ့ဖြင့် ယနေ့ ၂၀၂၁ခုနှစ် ဩဂုတ်လ(၂၉)ရက်နေ့ ညနေပိုင်းက တိုက်ပွဲ ဖြစ်ပွားပြီး အာဏာသိမ်းစစ်ကောင်စီ၏ စစ်သုံးပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကရင်နီတပ်မတော်(KA)၊ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့(KNDF)တို့ ပူးပေါင်းအဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ယနေ့ ညနေ(၅)နာရီဝန်းကျင်မှစ၍ တိုက်ပွဲဖြစ်ပွားပြီး အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က သေဆုံးမှုများရှိသော်လည်း အရေအတွက်ကို မသိရပေမဲ့ စစ်သုံးပစ္စည်း လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လွိုင်လင်လေးမြို့နှင့်အနီးတွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်က ထိုးစစ်ဆင်သည့်အတွက် ဩဂုတ်လအတွင်း မကြာခဏ တိုက်ပွဲ ဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်ပွားရာအနီးရှိ ကျေးရွာများမှ ပြည်သူများမှာလည်း ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ပုံအညွှန်း - ၂၉.၈.၂၀၂၁ ရက်နေ့ တိုက်ပွဲတွင် KA၊ KNDF တို့မှ သိမ်းဆည်းရမိခဲ့သည့် အာဏာသိမ်းစစ်ကောင်စီ၏ စစ်သုံးပစ္စည်းများ

#TachileikNewsAgency

Photo: KNDF