ရှမ်းပြည်နယ်အတွင်းရှိ ရုရှားတောင်တွင် လာရောက်လည်ပတ်သူ များလာသည်နှင့်အမျှ စည်းကမ်းမဲ့ အမှိုက်များလာ၍ ဒေသခံများ ရှင်းလင်းနေရ

ရှမ်းပြည်နယ်အတွင်းရှိ ရုရှားတောင်တွင် လာရောက်လည်ပတ်သူ များလာသည်နှင့်အမျှ စည်းကမ်းမဲ့ အမှိုက်များလာ၍ ဒေသခံများ ရှင်းလင်းနေရ
ဇူလိုင် 28, 2020
By Tachileik News Agency
ရှမ်းပြည်နယ်အတွင်းရှိ ရုရှားတောင်တွင် လာရောက်လည်ပတ်သူ များလာသည်နှင့်အမျှ စည်းကမ်းမဲ့ အမှိုက်များလာ၍ ဒေသခံများ ရှင်းလင်းနေရ

ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ္မတူမြို့နယ်ရှိ ရုရှားတောင်သို့ လာရောက်လည်ပတ်သူ များလာသည်နှင့်အမျှ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများ ရှိလာ၍ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၈) ရက်နေ့တွင် ဒေသခံလူငယ်များ အမှိုက်ရှင်းလင်းခြင်း လုပ်ဆောင်ကြသည်။

ကျွန်တော်တို့ စပြီး သတိထားမိတဲ့အချိန်က ၂၀၂၀ ခုနှစ်၊ မေလကနေစပြီး သတိထားမိတာ။ လာလည်တဲ့သူတွေ တစ်စတစ်စတိုးလာတော့ စွန့်ပစ်အမှိုက်တွေလည်း များလာတယ်။ အထူးသဖြင့် ရေသန့်ဗူးတွေ၊ ပလတ်စတစ်အိတ်တွေက ရုရှားတောင်ရဲ့ အလှအပကို ထိခိုက်စေတဲ့အတွက် ဇူလိုင်လ (၁၉) ရက်နေ့ ( အာဇာနည်နေ့ကနေ) စပြီး ဘယ်သူမှမခိုင်းဘဲ ကျွန်တော်တို့ လူငယ်တွေ စုပြီး ကိုယ်ထူကိုယ်ထ အမှိုက်ကောက်ဖြစ်ခဲ့ကြတာပါ

ဟု ရုရှားတောင် အမှိုက်ကင်းစင်ရေး  ဆောင်ရွက်နေသည့် လူငယ်အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ကိုဇော်ထူးအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရုရှားတောင်သို့ ၂၀၂၀ ခုနှစ်၊ မေလကစတင်၍ လာရောက်လည်ပတ်သူများရှိလာသည့်နောက်ပိုင်း စည်းကမ်းမဲ့ စွန့်ပစ်အမှိုက်များ များပြားလာမှုကြောင့် ဒေသခံလူငယ်များက ဇူလိုင်လ (၁၉) ရက်နေ့တွင် ပထမ ဆုံးအကြိမ်အဖြစ် စတင်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ (၂၃) ရက်နေ့တွင် ဒုတိယအကြိမ် အမှိုက်ကောက်ရှင်းလင်းခြင်းကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

နမ္မတူမြို့နှင့် (၁၄)မိုင်ခန့်အကွာရှိ ရုရှားတောင်သည် တောင်ကတုံးတောင်တန်းတစ်ခုဖြစ်ပြီး မိုးရာသီအတွင်း စိမ်းလန်းစိုပြေစွာရှိတတ်သဖြင့် ခရီးသွားသူများ လာရောက်ခြင်း၊ ခရီးသွားလုပ်ငန်းများက ခရီးစဉ်ဖေါ်ဆောင်ခြင်းများ ပြုလုပ်လာကြခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ-  Nyan Tun, susunaing၊ zaw htoo aung


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~